top of page

ပူတာအိုမြို့အပြင် နောင်မွန်း၊ခေါင်လန်ဖူးအထိ အခကြေးငွေမယူဘဲ သယ်ယူပို့ဆောင်ပေးနိုင်ရန် ပူတာအိုလူမှုကူညီရေးအသင်း လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Oct 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊အောက်တိုဘာ၊၂၀၂၄။




ပူတာအိုဒေသအတွင်း ကုန်ဈေးနှုန်းမြင့်တက်မှုနှုန်းကို လျှော့ကျနိုင်ရန်အတွက် ဒေသအတွင်းမှ လူမှုကူညီရေးအသင်းအဖွဲ့တစ်ခု ဖွဲ့စည်းပြီး ဆန်နှင့် အခြားကုန်ပစ္စည်းများကို ပူတာအိုမြို့အပြင် နောင်မွန်းနှင့် ခေါင်လန်ဖူးမြို့အထိ အခကြေးငွေမယူဘဲ သယ်ယူပို့ဆောင်ပေးနေသည်ဟု ဒေသခံများထံမှ သိရသည်။


ပူတာအိုဒေသရှိ အဖွဲ့အစည်း(၇)ဖွဲ့ ပါဝင်သည့် အဖွဲ့အစည်းမှ ဆန်၊ စက်သုံးဆီနှင့် အစားသောက်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရေးကို စက်တင်ဘာလကုန်ပိုင်းအချိန်တွင် စတင်လာခဲ့ရာ အောက်တိုဘာလဆန်းပိုင်းကစပြီး ပူတာအိုအပြင် နောင်မွန်းနှင့် ခေါင်လန်ဖူးအထိ သယ်ယူပို့ဆောင်ခမယူဘဲ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။


“နောင်မွန်း၊ ခေါင်လန်ဖူးဒေသခံတွေက ပူတာအိုကနေ တစ်ဆင့် ဝယ်ယူရတာပေါ့။ ပူတာအိုမှာ ဈေးကြီးရင် ကြီးသလို၊ ဝယ်ယူပြီး ကိုယ်ဒေသရောက်ရင်တော့ အဲ့ထက်ပိုဈေးကြီးပြီး ရောင်းရတယ်။ ဆိုတော့ အရန်းခက်ခဲသွားတယ်။ အခုက လူမှုအကူအညီအဖွဲ့အစည်းကနေ ဈေးနှုန်းတွေ လျော့ပြီးရောင်းချပေးနေတယ်ဆိုတော့ အရင်ထက် အများကြီး သက်သာသွားတယ်။” ဟု နောင်မွန်းဒေသခံတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် ဇွန်လပိုင်းကတည်းက ရာသီဥတုကြမ်းတမ်းသောကြောင့် ခေါင်လန်ဖူးသွားကားလမ်း ပျက်စီးခဲ့ရပြီး၊ ကုန်ပစ္စည်းများကို ကားလမ်းမပေါက်ပဲ ဆိုင်ကယ်ဖြင့်သာ အဆင့်ဆင့် သယ်ယူခဲ့ရကြောင်း သိရသည်။ နိုင်ငံရေးမတည်ငြိမ်ခြင်းနှင့် လမ်းခရီးခက်ခဲသောကြောင့် ပူတာအို၊ ခေါင်လန်ဖူးဒေသများတွင် ဆန်တစ်အိတ်လျှင် လေးသိန်းနီးပါးနှင့် စက်သုံးဆီနှင့် အခြားကုန်ပစ္စည်းများလည်း မြင့်တက်သွားခဲ့သည်။


ယင်းအချိန်မှစပြီး ပူတာအိုဒေသ ကုန်ဈေးနှုန်းမြင့်မားမှုကို လျှော့ကျနိုင်ရန် ရည်ရွယ်ပြီး ပူတာအိုဒေသမှ အသင်းတော်များ အပါအဝင် အဖွဲ့အစည်းများ (၇)ခုဖြင့် ဖွဲ့စည်းပြီး မြစ်ကြီးနားမှ ကုန်ပစ္စည်းကို သယ်ယူပို့ဆောင်ကာ အသင့်သင့်ရှိသည့် ဈေးနှုန်းမှန်ဖြင့် ပူတာအိုဒေသသို့ ရောင်းချပေးမှု စတင်လာခြင်း ဖြစ်သည်။


ထို့အပြင် အဆိုပါ လုပ်ဆောင်ချက်ကို နှစ်ကုန်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း လူမှုကူညီအဖွဲ့အစည်းမှ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page