top of page

ပင်လည်ဘူးမြို့ အပြီးသတ်သိမ်းနိုင်ဖို့ရန် ရဲစခန်းတစ်ခုသာကျန်နေပြီး စစ်ကောင်စီမှ ရဟတ်ယာဉ်နှင့် စစ်ကူပို့ပြီး လေကြောင်းပစ်ကူနေ

  • Writer: Pajau Media
    Pajau Media
  • Aug 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၇၊ ၈၊ ၂၀၂၄။



စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ရဲစခန်းတစ်ခုသာ ကျန်ရှိပြီး ၄င်းစခန်းကို သိမ်းပိုက်နိုင်ပါက မြို့ကို အလုံးစုံသိမ်းနိုင်ပြီဖြစ်သည်ဟု ပင်လည်ဘူးမြို့နယ် စစ်ရေးသတင်းရင်းမြစ် တစ်ဦးမှ ပြောပါသည်။


“ရဲစခန်း တစ်ခုပဲ ကျန်ပါတယ်။ ‌ရဟတ်ယာဉ်နဲ့ စစ်ကူချပေးခဲ့လို့ စစ်ကူအဖွဲ့ကို ရှင်းလင်းနေရပါတယ်။ ရဲစခန်းထဲ မှာကစ(စစ်အုပ်စု)နဲ့ SNA အဖွဲ့တွေကို ဝိုင်းပိတ်ထားပြီး အပြင်မှစစ်ကူ မရောက်အောင် ဖြတ်တောက်နေပါတယ်။ ဒီနေ့ မနက်ပိုင်းကို JF နဲ့ သုံးကြိမ် Y 12 နဲ တစ်ကြိမ် (၁) နာရီခန့်ဝဲပတ်ပြီး လေကြောင်းတိုက်ခိုက်သွားပါတယ်” ဟု ပင်လည်ဘူးမြို့နယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ ပြောကြားပါသည်။


တော်လှန်ရေးပူးပေါင်းအဖွဲ့များ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်မှာ နှစ်ပတ်နီးပါးရှိလာခဲ့ပြီး မြို့တွင်းတွင် စစ်ကောင်စီနှင့်ရှမ်းနီ(SNA) ပူးပေါင်းတပ်ဖွဲ့များမှ အထိုင်ချတပ်စွဲထားကာ ၄င်းစခန်းသုံးခုအနက် မြို့ကိုအပြီးသတ် သိမ်းပိုက် နိုင်ရန် ရဲစခန်းရိပ်သာတစ်ခုသာ ကျန်ရှိတော့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုပါသည်။


စစ်ကောင်စီသည် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်စခန်းများ ဆုံးရှုံးနေသောကြောင့် ရဟတ်ယာဉ်များနှင့် စစ်ကူတွေ ပို့ ပေးနေသကဲ့သို့ လေကြောင်းပစ်ကူနှင့်ပါ အသည်းအသန် ခုခံကာကွယ်နေသည်ဟု သိရှိရသည်။


ဩဂုတ်လ ၁၅ ရက် မနက်ပိုင်းမှစတင်ကာ တော်လှန်ရေးတပ်ဖွဲ့များမှ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို စတင်ထိုး စစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ဩဂုတ်လ ၂၇ ရက်ဆိုလျှင် ၁၃ ရက် နီးပါးရှိလာပြီဖြစ်သည်။


လက်ရှိမှာ ပင်လည်ဘူးမြို့တွင်းမှ စစ်ကောင်စီ အထိုင်စခန်းများဖြစ်သော ကျောက်တိုင်ကုန်း၊ ရဲစခန်းရိပ်သာနဲ့ ဆေးရုံ အထိုင်တပ်စွဲထားသည့်အနက် ရဲစခန်းရိပ်သာစခန်းတစ်ခုသာ ကျန်ရှိနေကြောင်း သိရှိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page