top of page

ပညာရေးဝန်ကြီးဌာနမှ G-12စာမေးပွဲကို ပြန်လည်ဖြေဆိုရန် ညွန်ကြားလာသောကြောင့် ပူတာအိုမြို့နယ်ရှိ အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများကိုပြန်လည်ခေါ်ယူ စစ်ဆေးရန် အခက်တွေ့နေ

  • Writer: Pajau Media
    Pajau Media
  • Apr 8
  • 1 min read

ပါဂျောင်မီဒီယာ။

၈ရက်၊ဧပြီလ၊၂၀၂၅။



ree

ပညာရေးဝန်ကြီးဌာနမှ G-12စာမေးပွဲကို ပြန်လည်ဖြေဆိုရန် ညွန်ကြားလာသောကြောင့် ပူတာအိုမြို့နယ်ရှိ အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများမှာ ပြန်လည်ခေါ်ယူ စစ်ဆေးရန် အခက်တွေ့နေရသည်ဟု ပူတာအိုမြို့မှ ကျောင်းဆရာတစ်ဦး ပြောပြချက်အရ သိရသည်။


"အခုတစ်ခေါက်ပြန်ပြီးတော့ မေလကုန်ပိုင်းမှာ ၁၂တန်းစာမေးပွဲ ပြန်ဖြေရမယ်လို့ ပြောလာတယ်။ ဆိုတော့ ကလေးတွေ စာပြန်လုပ်နေကြရပြီလေ၊ ခက်တာက ပူတာအိုခရိုင်က ၁၂တန်းကျောင်းသားတွေ အများဆုံးက အထကပူတာအိုမြို့နဲ့ အထကဒုတ္ထန်မှာ လာဖြေကြတာ ဟုတ်တယ်။ ဒီနှစ်ရဲ့ နောက်ဆုံးစာမေးပွဲပြီးတာနဲ့ ရပ်ဝေးက၊ အနယ်နယ်အရပ်ရပ်က ကျောင်းနေကလေးတွေအားလုံးက ပြန်ကုန်ကြပြီ၊ သူတို့အားလုံးနဲ့ ဆက်သွယ်နိုင်ဖို့ဆိုတာလည်း လက်ရှိဆက်သွယ်ရေး အခြေအနေအရ အရမ်းခက်ခဲနေတယ်။” ဟု အထကဒုတ္ထန်မှ ကျောင်းဆရာတစ်ဦးက ဆိုသည်။


အချို့ကျောင်းသားများမှာ ဆက်သွယ်ရေးနှင့် အင်တာနက်အခက်အခဲကြောင့် စာမေးပွဲပြန်လည်ဖြေဆိုရမည်ကိုပင် မသိကြသေးသူများလည်း ရှိနေပြီး၊ ယင်းတို့အား အကြောင်းကြားကာ ပြန်လည်ခေါ်ယူစစ်ဆေးရန်လည်း အခက်အခဲများစွာ ရှိနေသည်ဟု ကျောင်းဆရာများက ဆိုသည်။


“ကလေးတွေ တော်တော်များများက လက်ရှိအခြေအနေ ဘာဖြစ်နေတယ်ဆိုတာကို လုံးဝမသိကြသေးတဲ့ ကလေးတွေ အများကြီးရှိနေသေးတယ်။ သူတို့အတွက် ပြန်မလာနိုင်မှာ အရမ်းစိတ်ပူပေးတယ်" ဟု အထက်ပါဆရာက ဆက်ပြောသည်။


ကျောင်းသားအများစုမှာ အထကပူတာအိုမြို့နဲ့ အထကဒုတ္ထန်တွင် စာမေးပွဲဖြေဆိုပြီးချိန် မိမိကိုယ်စီ ဒေသများသို့ ပြန်သွားခဲ့ပြီးဖြစ်သောကြောင့် ဆက်သွယ်ရန် ခက်ခဲနေသည့် ကျောင်းသားများစွာ ရှိနေသေးကြောင်း သိရသည်။


လက်ရှိမှာတော် မြို့နှင့်နီးစပ်သည့် ကျောင်းသားများမှာ စာမေးပွဲအတွက် စာပြန်လုပ်နေကြပြီဖြစ်သော်လည်း ကျောင်းသားထက်ဝက်ခန့်မှာ မပါဝင်နိုင်သေးကြောင်း ဆိုသည်။


မန္တလေးမြို့တွင် ပြီးခဲ့သည့် မတ်လ၂၈ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျှင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် မီးလောင်ပျက်စီခဲ့သဖြင့် တက္ကသိုလ်ဝင်တန်း အဖြေလွှာ သုံးသိန်းကျော်ခန့် မီးထဲပါသွားကြောင်း စစ်ကောင်စီက မတ်လ၂၉ရက်နေ့က ထုတ်ပြန်ခဲ့သည်။


ယင်းထုတ်ပြန်ချက်ထဲတွင် ကချင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ (၈၆၉၉)ဦး၏ အဖြေလွှာများ အပါအဝင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့မှ အဖြေလွှာများ အားလုံးလည်း မီးထဲပါသွားခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော် အဖြေလွှာများနှင့် ပတ်သက်ပြီး မည်သို့ဆုံးဖြတ်မည်ကိုတော့ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။


ပူတာအိုမြို့ခရိုင်မှာတော့ စာစစ်ဌာနကြီး မီးလောင်ပျက်စီးခဲ့ခြင်းကြောင့် မေလကုန်ပိုင်းတွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားခဲ့ပြီးဖြစ်သည်။


သတင်း - မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page