top of page

ပန်ဝါဒေသတွင် ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ နည်းပါးလာ

  • Writer: Pajau Media
    Pajau Media
  • Dec 19, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ဒီဇင်ဘာ၊၂၀၂၅။


ပန်ဝါဒေသက ယခင်နှစ်များတွင် ဘိန်းစိုက်ပျိုး၊ ချက်လုပ်ရောင်းဝယ်ခြင်းများကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခဲ့ကြသည့် ဒေသဖြစ်သော်လည်း KIOအစိုးရအုပ်ချုပ်လာပြီးနောက် သိသိသာသာ လျော့နည်းလာကြောင်း သိရသည်။


KIOအစိုးရအနေဖြင့် မူးယစ်ဆေးဝါးမှာ အမျိုးသားအားလုံးအတွက် ဘုံရန်သူအဖြစ်သတ်မှတ်ပြီး၊ ပပျောက်သွားအောင် KIAထိန်းချုပ်နယ်မြေအတွင်း အဓိကထားလုပ်ဆောင်နေကြောင်း သိရသည်။


ရပ်ရွာအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ(PJS)များ ပူးပေါင်းကာ အမြင်ဖွင့်သင်တန်းများ အကြိမ်ကြိမ်ဖွင့်လှစ် ဟောကြားခဲ့သောကြောင့် လျော့နည်းလာသည်ဟု ဒေသခံများက ပြောသည်။


ဒေသခံများကို ဘိန်းစိုက်ပျိုးရေးအစား အခြားသီးနှံများဖြင့် အစားထိုးစိုက်ပျိုးခြင်းအတွက် ကူညီထောက်ပံ့ခြင်း၊ ဦးဆောင်ဆောင်ရွက်ခြင်းများ အတူတကွ လုပ်ဆောင်ခဲ့သောကြောင့် ပန်ဝါဒေသ မူးယစ်သုံးစွဲခြင်း၊ စိုက်ပျိုးကာ ချက်လုပ်ရောင်းဝယ်ခြင်းများ လျော့နည်းလာသည်ဟု ထပ်မံပြောပြသည်။


ပန်ဝါဒေသကို ယမန်နှစ် အောက်တိုဘာ၁၈ရက်နေ့တွင် KIA ပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် KIO အုပ်ချုပ်ရေးလမ်းစဉ်အောက်တွင် အုပ်ချုပ်နေသည်မှာ လက်ရှိချိန်ထိ ဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page