top of page

သဲကျောက်သယ် ကားကြီးများကြောင့် မြို့တွင်းလမ်း ပျက်စီး

  • Writer: Pajau Media
    Pajau Media
  • 21 hours ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ မတ်လ၊ ၂၀၂၆။



ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သဲကျောက်သယ်ကားကြီးများကြောင့် မြို့တွင်းလမ်းတချို့ ပျက်စီးမှုရှိလာသည်ဟု မြို့တွင်းနေထိုင်သူများက ဆိုကြသည်။


မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံကာကွယ်မှု ခေါင်းစဥ်ဖြင့် စီတာပူ၊ မန်ခိန်း၊ ရွှေစက်ရှိမြစ်ဆိပ်များမှ သဲကျောက်များကို ဘတ်ဟိုး များနှင့် တူးပြီး သဲကျောက်များကို မြေစာသယ်ကား၊ တုံဖုံးကားများဖြင့် သယ်ယူနေကြသည်။


ထို့ကြောင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မန်ခိန်းရပ်ကွက်၊ ရွေစက်ရပ်ကွက်၊ အင်ဂျန်ဒုံရပ်ကွက်တို့တွင် နေ့စဥ် ရာနှင့်ချီသော သဲကျောက်သယ်ကားများ ဖြတ်သန်းသွားလာနေသဖြင့် တချို့ ကတ္တရာလမ်းများ ပျက်စီးလာနေတယ်လို့ မြို့ခံတွေက ပြောသည်။


“အဲ့သဲကျောက်တွေကို တက္ကသိုလ်ကျောင်းရဲ့အရှေ့ ဘက်ရှိ အမှတ် ၃ (အ.လ.က) ကျောင်းဘေးက လယ်ကွက်နဲ့၊ ဂျပန်လမ်း ပေါ်မှာရှိတဲ့ MB ဘား ခြံဝန်းနေရာတွင်မှာ စုပုံထားတာ၊ အမှတ် ၃ (အ.လ.က) ကျောင်းရှေ့ကလမ်းဆို တော်တော်လေးပျက်စီးနေပြီ။” ဟု စီတာပူတွေ နေထိုင်သူ အမျိုးသားတစ်ဦးက ပြောပြသည်။


သယ်လာသည့် သဲကျောက်များကို လွှတ်တော်ဘေးရှိ မြေလွှတ်နေရာ၊ စီတာပူ ဂျပန်တံတားနာရှိ မြေလွှတ်နေရာ၊ တက္ကသိုလ်ကျောင်းရှေ့ လယ်ကွက် (Chying Hkrang Nawng ဒေသ အခေါ်) စသည့်နေရာများတွင် စုပုံထားကြောင်း သိရသည်။


သဲကျောက်သယ်ကားများကြောင့် လမ်းများပျက်စီးခဲ့ရသည်မက ကားလမ်းဖုန်ထမှုများကြောင့်လည်း ဆိုင်ဖွင့်သူများအတွက် အဆင်မပြေဖြစ်ရတယ်လို့ သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page