ပန်ဝါမြို့တွင် စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာသောကြောင့် စားဝတ်နေရေးကြပ်တည်းလာ
- Pajau Media

- Apr 17, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၇ရက်၊ဧပြီလ၊၂၀၂၅။

ကချင်ပြည်နယ်၊ ပန်ဝါမြို့တွင် စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာသောကြောင့် စားဝတ်နေရေးကြပ်တည်းလာသည်ဟု ပန်ဝါဒေသခံများက ပြောသည်။
“အရင်နှစ်တွေကဆို မြေရှားသတ္ထုတွေလည်း လည်ပတ်နေကြတယ် လောင်းကစားဝိုင်းတွေလည်းရှိတော့ လူတော်တော်စည်ကားပြီး စျေးရောင်းစျေးဝယ်လည်း အဆင်ပြေတယ်။ အခုဆို လောင်းကစားရုံတွေလည်း အကုန်ပိတ်ထားတယ်။ သတ္ထုဆိုက်တွေကလည်း နှစ်ဆိုက်လောက်ဘဲ လုပ်ကိုင်နေကြတော့ လူလည်းမရှိဘူး။ ခြောက်ကပ်ကပ်နဲ့ ဘာစီးပွားရေးလည်း လုပ်လို့အဆင်မပြေတော့ဘူး။ စားဝတ်နေရေးပါ ခက်ခဲလာတယ်” ဟု ပန်ဝါဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခင် မြေရှားသတ္ထုနှင့် လောင်းကစားဝိုင်းများ လည်ပတ်မှုရှိချိန်တွင် လူများစွာဖြင့်စည်ကားနေပြီး တစ်နိုင်တစ်ပိုင် စီးပွားရောင်းဝယ်ရေးများ အဆင်ပြေနေခဲ့သော်လည်း လက်ရှိအုပ်ချုပ်သည့် အစိုးရ ပြောင်းလဲမှုကြောင့် သတ္ထုဆိုက်အနည်းအကျဉ်းသာ လုပ်ကိုင်ကြတော့ပြီးလောင်းကစားများအားလုံး ပိတ်ထားမှုကြောင့် ပိုမိုခက်ခဲလာသည်ဟု ဆိုသည်။
“ပန်ဝါမှာက ခုထိဂိတ်က ပိတ်ထားတော့ ဟင်းသီးဟင်းရွက်တွေကိုလည်း စျေးကြီးပေး ဝယ်စား နေရတယ်။ စိုက်ပျိုးစားသောက်မယ်ဆိုရင်တောင် ရာသီဉတုကြောင့်နဲ့ မြေမကောင်းလို့ ဘာမှစိုက်စားလို့မရဘူး“ ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။
တစ်ဖက်တွင်လည်း ပန်ဝါနယ်စပ်ဂိတ်အား လက်ရှိချိန်ထိ ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိသေးသည့်အပြင် စားသုံးကုန်အပါ လူသုံးကုန်ပစ္စည်းအမျိုးမျိုး စျေးနှုန်းမြင့်တက်နေကြောင်းနှင့် စိုက်ပျိုးစားသောက်ရန်လည်း ရာသီဉတုနှင့် မြေဆီလွှာကြောင့် စိုက်ပျိုးစားသောက်ရန် မဖြစ်ထွန်းဘဲ စျေးကြီးပေး ဝယ်စားနေရသည်။
လက်ရှိ ချီဖွေ၊ဖီမော်၊ကန်ပိုင်တည်နှင့် ပန်ဝါဒေသရှိ ပြည်သူများမှာ KIOအစိုးရ၏ အုပ်ချုပ်ရေးစနစ်အောက်တွင် ရှိနေသလို ဒေသဖွင့်ဖြိုးတိုးတက်ရန်လည်း KIOအစိုးရမှ စတင်လုပ်ဆောင်နေချိန်လည်း ဖြစ်သည်။
သတင်း-ဖရိန်း




Comments