ဖားကန့်-ကားမိုင်း-နန့်ယာ သွားလမ်းပိုင်းကို တရားဝင်ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း ယာဉ်ကြီး ယာဉ်ငယ်များ သွားလာနေ
- Pajau Media

- May 15
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊ မေလ၊ ၂၀၂၆။

ကချင်ပြည်နယ် ဖားကန့်-ကားမိုင်း-နန့်ယာ သွားလမ်းပိုင်းကို တရားဝင်ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း ယာဉ်ကြီး ယာဉ်ငယ်များ သွားလာနေကြကြောင်း ဖားကန့်ဒေသခံများပြောဆိုချက်အရသိရသည်။
ဖားကန့်-ကားမိုင်း-နန့်ယာကားလမ်းပိုင်းကို စစ်ရေးအခြေနေကြောင့် ကချင်လွတ်လပ်ရေးတပ် KIA ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့က သွားလာခွင့်ကို ရက်အကန့်အတန့်မရှိ ပိတ်ထားခဲ့သည်။
သို့သော် ထိုကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ထားသောကြောင့် စစ်ကောင်စီခွင့်ပြုချက်အရ ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့မှစပြီး ကုန်ကားများ၊ ယာဉ်ကြီးယာဉ်ငယ်များ နှင့် ဒေသခံပြည်သူများ စတင်သွားလာလှုပ်ရှားနေကြကြောင်း သိရသည်။
တစ်ဖက်မှာလည်း စစ်ကောင်စီက ထို ဖားကန့်-နန့်ယာလမ်းအတိုင်း စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ထိုးစစ်ဆင်နေသောကြောင့် ဖားကန့်ဒေသတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments