top of page

ဖားကန့် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု ကြားသိရကြောင်း KIA သတင်းပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူပြော

  • Writer: Pajau Media
    Pajau Media
  • Sep 12, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၂၊ ၉၊ ၂၀၂၄။



ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ သည် ယနေ့မနက်အစောပိုင်း ၄ နာရီချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု ကြားသိရကြောင်း KIA သတင်းပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူပြောက ဆိုသည်။


ဖားကန့်မြို့ ဆိုင်းတောင်ရဲစခန်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ကြား စတင်တိုက်ပွဲဖြစ်ခဲ့ရာ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ (၆) ရက်နေ့မြောက်တွင် စစ်ကောင်စီရဲစခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။




“ဖားကန့် ဆိုင်းတောင်ဘက်က အခြေအနေတွေက မနေ့ညအထိ တိုက်ပွဲပြင်းထန်တယ်ဆိုတာ ကြားပါတယ်။ ဒီမနက်အစောပိုင်း ရဲစခန်း သိမ်းတယ်ဆိုတာ ကြားသိထားတယ်။ ဒါပေမဲ့ တရားဝင် အကြောင်းကြားလာတာ မရှိသေးဘူး။ အခု ဖြစ်စဉ် သတင်းအခြေအနေကို အတိအကျ မရသေး” ဟု ဗိုလ်မှူးကြီးနော်ဘူက စစ်ရေးသတင်းအမြစ်များထံသို့ ပြောသည်။


သို့သော် ဒေသခံတစ်ဦးပြောကြားချက်အရ ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီး ၎င်းနယ်မြေရှင်းလင်းရင်း အနီးအနားဝန်းကျင်မှာတော့ တိုက်ပွဲဆက်လက်ရှိနေသည်။ စစ်တပ်ဘက်မှ လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာရှိတယ်လို့ သိရသည်။


ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဆိုင်းတောင်ကျေးရွာတွင် လူနေအိမ်နှင့် အဆောက်အုံများ ထိခိုက်ပျက်စီးမှုအများရှိပြီး အရပ်သားပြည်သူများလည်း ထိခိုက်သေဆုံးမှု အများအပြားရှိနေတယ်လို့ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page