top of page

ဖားကန့်၊ ဆန်းကြွယ်နှင့်ဆန်ကြိုင်စစ်ရှောင်များ နေရပ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Aug 12
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ ဩဂုတ်၊ ၂၀၂၅။


ree

ဖားကန့်-မရှီကထောင် နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် လာရောက်စစ်ဘေးရှောင်နေသည့် ဆန်းကြွယ်ကျေးရွာနှင့် ဆန်ကြိုင်ကျေးရွာမှ အိမ်ထောင်စု(၅၀)က နေရပ်ရင်းကို ပြန်လည်နေထိုင်ကြကြောင်း သိရသည်။

စစ်ရေးအခြေအနေ အနည်းငယ်ငြိမ်သက်လာခြင်းကြောင့် ယမန်နေ့ ဩဂုတ် ၁၁ရက် နံနက် ၁၁နာရီအချိန်ကတည်းက စတင်ပြောင်းရွှေ့ ပြန်လာနေထိုင်ကြသည်ဟု ဆိုသည်။


'' ဒီမှာစရောက်တာက အခုလ လဆန်းပိုင်းလောက်က စရောက်တာ။ လိုရမယ်ရ စစ်ရှောင်တဲ့သဘော ဆိုပါတော့။ အခုတော့ အခြေအနေက အရင်ကလောက် စိုးရိမ်စရာ မရှိတော့ဘူးလို့တော့ ထင်တာဘဲ။ ဒါကြောင့် ကိုယ့်အိမ် ကိုယ့်ရွာမှာ ပြန်နေဖို့ ဆုံးဖြတ်ကြတာ။ အိမ်ထောင်စု ငါးဆယ်လောက် ပြန်ဖို့ပါ'' ဟု စစ်ရှောင်တစ်ဦးက ပြောသည်။


သို့သော် အချို့ဒေသခံများက လက်ရှိအချိန်ထိ ဆန်းကြွယ်ကျေးရွာအပါအ၀င် မှော်တောင်း၊ ရှရော်ခ၊ ကုလားမှော်၊ မှော်၀မ်းကြီး/ လေး၊ အမှိုက်ပုံဘက်မှာ အထူးဂရုစိုက်ရန် လိုအပ်သေးကြောင်း ပြောသည်။


ထို့အပြင် မိုးရွာချိန်တွင် Y-12လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ကြပြီး၊ မိုးတိတ်ချိန်တွင် ဂျက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်တတ်သည်ဟု ဆိုသည်။


ဖားကန့်ဒေသသည် စစ်တပ်၏ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုကြောင့်လည်း မကြာခဏ ပြည်သူများ ထိခိုက်သေဆုံးမှု အဖြစ်များသည့် ဒေသဖြစ်သည့်အပြင် နှစ်ဖက်စစ်ရေးတင်းမာပြီး၊ လက်ရှိ စက်သုံးဆီပြတ်လတ်ကာ ကုန်စျေးနှုန်းများ မြင့်တက်နေသည့် ဒေသဖြစ်သည်။


သတင်း- ထိန်နိုင်

Photo credit to Mashi Kahtawng Buga Hkalup Hpung


Comments


Pajau Media

Thanks for subscribing!

bottom of page