top of page

ဖားကန့်-ဆယ်ဇင်းတပ်စခန်းကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းယူ

  • Writer: Pajau Media
    Pajau Media
  • Apr 24, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၄ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။




KIA အမှတ်(၉) တပ်မဟာဒေသ ဖားကန့်-ဆယ်ဇင်း တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။


ဖားကန့်-ဆယ်ဇင်း ကျေးရွာတွင် စခန်းချ တပ်စွဲထားသည့် ခ.မ.ရ (၁၁၆)တပ်စခန်းကို KIAပူးပေါင်တပ်ဖွဲ့ဘက်မှ ယနေ့ ဧပြီလ ၂၄ရက်နေ့ အစောပိုင်း ၁နာရီအချိန်ခန့်တွင် တိုက်ခိုက်အောင်နိုင်ခဲ့ခြင်း ဖြစ်သည်။


ဆယ်ဇင်းစစ်တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့မှ ပြီးခဲ့သည့် ဧပြီလ ၂၀ရက်မှစ၍ စတင်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်တပ်မှ လေယာဉ်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ကူခဲ့သော်လည်း တိုက်ခိုက်အောင်နိုင်ခဲ့သည်ဟု ဆိုသည်။


ထို့အပြင် ဖားကန့် ပန်းတင်တံတားတွင်လည်း ယနေ့နံနက်ပိုင်းက စစ်တပ်မှ လမ်းသွားလမ်းလာ ပြည်သူများ၏ ကား၊ ဆိုင်ကယ်များကို တင်းကျပ်စွာ စစ်ဆေးရေးများ လုပ်ဆောင်နေကြောင်း သိရသည်။


လက်ရှိတွင် ဖားကန့်ဒေသအတွင်း KIA နှင့် စစ်တပ်အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ဒေသခံများ ပြောကြားချက်အရသိသည်။

Comments


Pajau Media

Thanks for subscribing!

bottom of page