top of page

ဖားကန့်တွင် စစ်ကောင်စီပစ်လိုက်သော လက်နက်ကြီးကြောင့် နေအိမ်တစ်ချို့ မီးလောင်ကာ ပြည်သူ ၅ ဦးထက်မနည်းသေဆုံး

  • Writer: Pajau Media
    Pajau Media
  • Jun 7, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက် ဇွန်လ ၂၀၂၅


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းနေရာတွင် စစ်ကောင်စီပစ်လိုက်သော လက်နက်ကြီးကြောင့် ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး နေအိမ်တစ်ချို့ မီးလောင်ကာ ပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။


ယမန်နေ့ ဇွန်လ ၆ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့၊ တပ်မကုန်းနေရာမှ စစ်ကောင်စီ တပ်ကလက်နက်ကြီးများဖြင့်လုံးခင်းကျေးရွာ၊ ခွန်ဆာကုန်းသို့ ပစ်ခတ်ခဲ့သောကြောင့်လုံးခင်းအုပ်စုငြိမ်းချမ်းသာယာရပ်ကွက် ဘုန်းကြီးကျောင်းအနီးရှိ ဓာတ်‌မြေဩဇာဂိုဒေါင်နေရာတွင်ကျ‌ရောက်ပေါက်ကွဲပြီးပေါက်ကွဲအားပြင်းထန်သောကြောင့် ယင်းပတ်ဝန်းကျင်ရှိ နေအိမ်များလည်း မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။


ထိုသို့ မီးလောင်မှုထဲတွင်ပြည်သူ့နေအိမ်များအပါအဝင်ဒေသခံပြည်သူ ၅ ဦးထက်မနည်းလည်း မီးလောင်မှုထဲတွင်အသက်ဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုးပါမီးလောင်မှုကို ဒေသခံပြည်သူများက ည ၁၂ နာရီတိုင်ဝိုင်းဝန်းကူညီခဲ့သောကြောင့် မီးထပ်မံကူးဆက်မှုမရှိဘဲ ငြိမ်းနိုင်းခဲ့ကြောင်းကို သိရသည်၊၊


ထို့အပြင် ဇွန်လ (၃)ရက်နှင့် (၄)ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာရှိတင်အောင်ကြိုင်လုပ်ကွက် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်ခဲ့ပြီးမီးရှို့မှုများပြုလုပ်ခဲ့သည့်အပြင် ဖားကန့်ဗျူဟာကုန်းကို ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်တင်းရန်ကြိုးစားခဲ့ပြီး အဆိုပါ ရဟတ်ယာဉ်ကို KIA က ပစ်ခတ်ခဲ့ကြောင်းသိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page