ဖားကန့်-တောင်ပြိုတွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး
- Pajau Media

- 5 days ago
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊ဖေဖော်၀ါရီ၊၂၀၂၆။

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်ဒေသတွင် ဖေဖော်၀ါရီ ၁၃ ရက်နေ့ နံနက်တွင်လည်း ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးသေဆုံးပြီး၊ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖားကန့် တောင်ပြိုကျေးရွာတွင် ဖေဖော်၀ါရီ ၁၃ ရက် နံနက် ၈ နာရီခန့်က ကလေးများဆော့ကစားနေချိန် ရုတ်တရက် ဗုံးပေါက်ကွဲလာပြီး အသက် ၇ နှစ်အရွယ် မောင်နေ၀င်းထွန်းက သေဆုံးခဲ့ရပြီး၊ အသက် ၃ နှစ်အရွယ် မင်းသူရိန်၊ အသက် ၁၁ နှစ်အရွယ် နန်းခိုင်စိုးနှင့် ဦးကိုလင်းတို့က ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကလေးများဆော့ကစားနေချိန် ဗုံးပေါက်ကွဲလာခြင်းမှာ မည်သည့်အကြောင်းရင်းကြောင့်ဖြစ်သည်ကို တိတိကျကျ မသိရကြောင်း သိရသည်။
ဖေဖော်၀ါရီ ၁၂ ရက်နေ့တွင်လည်း မှော်၀မ်းလမ်း၌ မြေမြုပ်မှိုင်း ပေါက်ကွဲသောကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
သတင်း - ပီလမ့်အူ




Comments