top of page

ဖားကန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ငှက်ဖျားနှင့် တုပ်ကွေးဖျားနာသူ များပြားလာ

  • Writer: Pajau Media
    Pajau Media
  • Aug 6, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၆၊ ၈၊ ၂၀၂၄။





ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဩဂုတ်လ (၁)ရက်နေ့မှ စတင်ပြီး မိုးသည်းထန်စွာရွာသွန်းနေမှာ ၆ရက်ဆက်တိုက်ရှိနေပြီဖြစ်သည်။ ဤရာသီဉတုကြောင့် ဒေသခံပြည်သူများအနေဖြင့် နေမကောင်း၊ ဖျားနာကြပြီး ဆေးဆိုင်များတွင်လည်း ဆေးဝါးပြတ်တောက်မှုများကို ရင်ဆိုင်နေရကြောင်း ဒေသခံက ပါဂျောင်မီဒီယာသို့ ပြောကြားထားပါသည်။


မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ကားလမ်းသွားလာရေးများ ခက်ခဲနေပြီး ဖားကန့်သို့ တက်မည့်ကားများမရှိပေ။ ထို့ပြင် ဖားကန့်မြို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်လျက်ရှိနေသည်မှာ ၂ပတ်ကျော်ရှိနေပြီဖြစ်ပြီး ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်မားလျက်ရှိနေသောကြောင့် ပြည်သူများ အခက်တွေ့နေရပါသည်။


လွန်ခဲ့သော တစ်ပတ်တွင်လည်း ဖားကန့်မြို့နယ်အတွင်း ငွေလွှဲငွေထုတ်ကိစ္စရပ်များကို လေယာဉ်လက်မှတ်အရောင်းဆိုင်တွင်သာ ပြုလုပ်နိုင်ပြီး အကန့်အသတ်နှင့်သာထုတ်ရကြောင်း သိရသည်။ ထို့အပြင် ဖုန်း၊ အင်တာနက်လိုင်းများကိုပါ တစ်နာရီ ၃သောင်းပေးတောင်ကာ တုံကင်စနစ်ဖြင့် အသုံးပြုနေကြရပါသည်။


ဤကဲ့သို့ မိုးအဆတ်မပြတ်ရွာသွန်းမှုသည် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် စိုးရိမ်စရာရှိနေပြီး ရေကြီးရေလျှံမှုများအတွက်ပါ ကြိုတင်ပူပန်နေရမည်ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page