ဖားကန့်ဒေသ စစ်ရေးအရှိန် မြင့်တက်နေပြီး၊ လက်နက်ကြီးကြောင့် ပြည်သူထိခိုက်မှု ရှိနေ
- Pajau Media

- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ
၁၁ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

ကချင်ပြည်နယ်တွင်း နေ့စဉ်ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေရာ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဗုံးနှင့် လေယာဉ်ဗုံးပစ်ခတ်မှုများကြောင့် ပြည်သူထိခိုက်သေဆုံးသူ နေ့စဉ်ရှိနေကြောင်း သိရသည်။
လက်နက်ကြီးနှင့် မြေမြုပ်မှိုင်းကြောင့် အရပ်သားပြည်သူများ နေ့စဉ်ထိခိုက်ဒဏ်ရာ ရရှိနေသလို ယမန်နေ့ ဖေဖော်ဝါရီ ၁၀ရက် နေ့လည်၁နာရီခန့်တွင်လည်း လုံးခင်း၊ မှော်ဆီစာလမ်း၌ ပြည်သူများဖြတ်လာစဉ် မြေမြုပ်မှိုင်းနှင်းမိသောကြောင့် ဆန်းကြွယ်ကျေးရွာမှ အမျိုးသမီး(၂)ဦးနှင့် ဆိပ်မူကျေးရွာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။
ထို့အပြင် ဖားကန့်-မရှိကထောင်ဘက်တွင်လည်း နေ့စဉ် လေယာဉ်ဗုံးလာရောက် ပစ်ခတ်မှုများ ရှိနေပြီး၊ စစ်ရေးမှာ အပြန်အလှန်တင်းမာနေဆဲ ဖြစ်သည်။
ဖားကန့်ဒေသတွင် ပြီးခဲ့သည့် ဇန္နဝါရီလ နောက်ဆုံးပတ်မှ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း လက်နက်ကြီး၊ မြေမြုပ်မှုင်းနှင့် လက်နက်ပစ္စည်းများကြောင့် သေဆုံးရသူ ပြည်သူ(၅)ဦးရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူမှာ (၂၀)ဦးထိ ရှိနေသည်။
အလားတူ မြစ်ကြီးနား-ဖားကန့်လမ်းရှိ ကျေးရွာဒေသများတွင်လည်း စစ်ကောင်စီမှ နေရာယူတပ်စွဲကာ စစ်ရေးလှုပ်ရှားနေသည့်အပြင် တပ်စွဲထားသည့် နေရာများတွင် လုံခြုံရေးမြင့်တင်ထားခြင်းကြောင့် စစ်ရှောင်များ မိမိနေရပ် ယာယီပြန်လာရန်ပင် စစ်ရေးကြောင့် မပြန်ရဲကြကြောင်း သိရသည်။
သတင်း - ပီလမ့်အူ




Comments