top of page

ဖားကန့်ဒေသ တိုက်ပွဲပြန်လည်ဖြစ်ပွားနေ

  • Writer: Pajau Media
    Pajau Media
  • Mar 5
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊မတ်လ၊၂၀၂၆။


KIAအမှတ်(၉)တပ်မဟာ၊ ဖားကန့်ဒေသ တိုက်ပွဲတစ်ဖန် ပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။


မတ်လ၃ရက်နေ့ကတည်းက ဖားကန့်မရှီကထောင် ဆုတောင်းတောင်ဝန်းကျင်တွင် KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ တစ်ဖန်ပြန်လည် ဖြစ်ပွားနေသည်ဟု ဆိုသည်။


စစ်ကော်မရှင်တပ်များမှာ မရှီကထောင်ရပ်ကွက် ရခိုင်ကုန်းနှင့် ဖားကန့်မြို့ဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် KIAပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ယင်းဒေသအတွင်း စစ်ကော်မရှင်တပ်ဖွဲ့နှင့် KIAတပ်ဖွဲ့များ အပြန်အလှန် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများ ရှိနေသည့်အပြင် စစ်ကော်မရှင်တပ်ဖွဲ့များမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများသို့ နေ့စဉ်လက်နက်ကြီး၊ ဒရုန်းဗုံးများ ပစ်ခတ်လေ့ရှိသောကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း နေ့စဉ်ရှိနေဆဲ ဖြစ်သည်။


တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် မတ်လ၄ရက်နေ့တွင်လည်း အသက်(၇၀)နှစ်အရွယ်အဘွား ဒေါ်ဂျာဖာလုနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page