top of page

ဖားကန့်ဒေသ တပ်စခန်းအချို့ လက်လွှတ်လိုက်ရပြီးနောက် စကစမှ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 6
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ဧပြီ၊၂၀၂၆။


ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ စစ်တပ်စခန်းအချို့ကို KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


ဖားကန့်ဒေသတွင် တိုက်ပွဲပြင်းထန်ခဲ့သည့် ဧပြီ ၂ ရက်နေ့မှစ၍ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားသည့် နေရာများတွင် လေကြောင်းလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


ထို့အပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲ အပြန်အလှန် ပြင်းထန်စွာ ဖြစ်ပွားနေချိန် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်း လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


လက်ရှိချိန်ထိ ဖားကန့်ဒေသတွင် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေပြီး ဖားကန့်သွားလမ်းပိုင်းတွင် လမ်းကြောင်းပိတ်ပင်မှုများ မကြာခဏ ရှိနေကြောင်းလည်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page