ဖားကန့်ဒေသ မရှီကထောင်တွင် မိုင်းပေါက်ကွဲမှုဖြစ်ကာ အမျိုးသားတစ်ဦး ဦးခေါင်းပွင့်သေဆုံး
- Pajau Media

- Jul 30, 2025
- 1 min read
ပါဂျောင်မီဒီယာ
၃၀ရက်၊ ဇူလိုင်၊ ၂၀၂၅။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ မရှီကထောင်ရှိ အောင်မျိုးသူ ကားဝပ်ရှော့အနီးတွင် ယနေ့နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဦးခေါင်းပွင့် သေဆုံးခဲ့ကြောင်း သိရသည်။
အနီးဝန်းကျင်ရှိ မျက်မြင်တစ်ဦးက "သူ့ပုံစံက ဖိုးသမားနဲ့တူတယ်၊ အင်္ကျီလည်းမဝတ်ဘူး၊ ဘောင်းဘီ half pant နဲ့၊ မိုင်းမပေါက်ခင်က မိုင်းပေါက်တဲ့နားမှာ ကုန်းပြီး တခုခုပဲရှာသလိုလို လုပ်နေတာ ခနကြာတော့ကွဲတာပဲ။ အခုက အဲ့လိုဆေးသမားတွေကို ဆေးဖိုးနည်းနည်းလေးပေးပြီး ခိုင်းချင်တာခိုင်းလို့ရနေတော့ မိုင်းလာထောင်တာလား တခုခုပဲ" ဟု ဆိုသည်။
သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ မူးယစ်ဆေးဝါးသုံးစွဲသူ ဖြစ်နိုင်ကြောင်း ဒေသခံများအဆိုအရ သိရသည်။
ထိုသေဆုံးသွားသည့် အမျိုးသားဖြစ်သူမှာ ဦးခေါင်းပွင့်ကာ သေဆုံးသွားရခြင်းဖြစ်ပြီး၊ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိရသေးကြောင်း သိရသည်။
သတင်း - အန်ဒီ




Comments