top of page

ဖားကန့်ဒေသတွင် ငွေလွှဲငွေထုတ် အကန့်အသတ်သာရရှိနေ

  • Writer: Pajau Media
    Pajau Media
  • Jul 31, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃၁၊ ၇၊ ၂၀၂၄



ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ငွေလွှဲငွေထုတ်မှာ မြို့ထဲရှိ လေယာဉ်လက်မှတ်အရောင်းဆိုင်တွင် ငွေလွှဲငွေထုတ်လုပ်ဆောင်နိုင်ပြီး ငွေကို အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေခြင်းကြောင့် ပြည်သူများအခက်အခဲကြုံတွေ့နေရပါသည်။


ဖားကန့်မြို့တွင်းတွင် လေယာဉ်လက်မှတ်အရောင်းဆိုင်တစ်ခုတည်းသာ Kpay အကောင့်ဖြင့်သာထုတ်ပေးပြီး ငွေလွှဲချင်သူများအနေဖြင့် မနက် ၇ နာရီမှ ၉ နာရီထိသာ ငွေလွှဲလက်ခံပြီး ၉ နာရီနောက်ပိုင်းမှ ငွေထုတ်ပေးသော်လည်း ငွေထုတ်လိုသူများလိုသောပမာဏမရဘဲ ဆိုင်ကထုတ်ပေးသည့်ပမာဏသာရရှိကြောင်းကို ဒေသခံတစ်ဦးက ပါဂျောင်မီဒီယာကိုပြောပါသည်။


ထို့အပြင်ဖားကန့်ဒေသတွင် ဖုန်း အင်တာနက်လိုင်းများကို တစ်နာရီ ၃ သောင်းပေးဆောင်ကာ တုံကင်စနစ်ဖြင့်အသုံးပြုနေရပြီး တုံကင်နံပါတ်တစ်ပတ်စာပြည့်နေလျက်ရှိပါသည်။


ကချင်ပြည်နယ် တွင် လွန်ခဲ့သသော ဇူလိုင်လ ၂၁ ရက်နေကစပြီး စစ်ကောင်စီဘက်မှ ဖုန်းလိုင်း အင်တာနက်လိုင်းများဖြတ်တောက်ထားပြီးနောက် ဖုန်းနှင့် အသုံးပြုသော ငွေလွှဲ အပလီကေးရှင်းဖြစ်သည့် wave pay နှင့် Kpay အကောင့်များမှာ ငွေလွှဲငွေထုတ်လုပ်ဆောင်မှုများလုပ်ဆောင်မှု ရပ်တန့်သွားခဲ့သည်။


အကျိုးဆက်များအနေဖြင့် ထိုဒေသတွင်း လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်မှုအတွက် အခက်အခဲကြုံတွေ့နေရပြီး နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော မိသားစုဝင်ငွေဖြင့် လည်ပတ်နေသော ဒေသခံပြည်သူများစားဝတ်နေရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါသည်။


အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်း လွတ်လပ်စွာ ယူဆနိုင်ခွင့်နှင့်လွတ်လပ်စွာ ဖွင့်ဟပြောဆိုပိုင်ခွင့်ရှိသည်ဟု ပြငှာန်းထားသော်လည်းလက်ရှိမြန်မာနိုင်ငံ တိုင်းရင်းသားဒေသများစွာတွင် စစ်ကောင်စီက အင်တာနက်လိုင်းများဖြတ်တောက်ထားကာ ပြည်သူများ အခွင့်အရေးချိုးဖောက်ခံနေရဆဲပင်ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page