top of page

ဖားကန့်ဒေသမှ အရပ်သားပြည်သူများကို စစ်ကောင်စီမှ စစ်ဆေးမေးမြန်း ရိုက်နှက်မှုများ လုပ်ဆောင်နေဟုဆို

  • Writer: Pajau Media
    Pajau Media
  • Aug 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၆၊ ၈၊၂၀၂၄။


ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ကချင်လွှတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့များနှင့် တောမှော်ကျေးရွာ၊ လှမောင်ကျေးရွာအခြေစိုက်သည့် ခ.မ.ရ (၁၂) စစ်ကောင်စီတပ်စခန်းများ ဩဂုတ်လ၁၄ရက်နေ့ကတည်းက ထိတွေ့တိုက်ပွဲပြင်းထန်နေချိန် ဖားကန့်ဒေသနေရာအနှံ့ကို စစ်တပ်မှ စစ်ရေးလှုပ်ရှားမှုများအပြင် ဒေသခံများအား စစ်ဆေးမေးမြန်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


ဩဂုတ်လ ၁၄ရက်နေ့ညနေပိုင်း ၃နာရီခွဲအချိန်ခန့်တွင် ဆိုင်းတောင်ကျေးရွာ ရှမ်းဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် စစ်ကောင်စီတပ်ဖွဲ့များ ဖားကန့်သို့ ချီတက်လာနေချိန် လမ်းတွင် KIA ပူးပေါင်းတပ်ဖွဲ့မှ ထောာင်မိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။


အာဏာရစစ်ကောင်စီတပ်ဖွဲ့မှ လမ်းသွားလမ်းလာပြည်သူများကို ၄င်းတို့၏ စစ်ဆေးရေးဂိတ်တိုင်းလိုလို တင်းကြပ်စွာ စစ်ဆေးမေးမြန်းသည့်အပြင် ကျေးရွာထဲထိလိုက်ပြီး၊ ငွေညှစ်ငွေတောင်းခြင်းများ ယခုရက်ပိုင်းအတွင်း ပိုမိုလုပ်ဆောင်လာသည်ဟု ဆိုသည်။


ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ၁၅ရက်နေ့တွင်လည်း ကချင်လွှတ်မြောက်ရေးတပ်(KIA) အမှတ်(၉)တပ်မဟာ၊ ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်မ(၃၃) ၏ ခ.မ.ရ (၁၂)တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။


ပြီးခဲ့သည့် ဩဂုတ်လ၁၄ရက် နံနက်၃နာရီအချိန်ခန့်တွင် ဖားကန့်(လမှောင်)တပ်စခန်းနှင့် တောမှော်စစ်ကောင်စီတပ်စခန်း နှစ်နေရာကို ကေအိုင်အေမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လမှောင်တပ်စခန်းကို ယမန်နေ့ ၉နာရီအချိန်ခန့် နှင့် တောမှော်တပ်စခန်းကို ညနေ၄နာရီခွဲအချိန်ခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထပ်မံသိရသည်။


Comments

Couldn’t Load Comments
It looks like there was a technical problem. Try reconnecting or refreshing the page.

Pajau Media

Thanks for subscribing!

bottom of page