top of page

ဖားကန့်ဒေသအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

  • Writer: Pajau Media
    Pajau Media
  • Jun 15, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက် ၊ ဇွန်လ၊ ၂၀၂၅။



ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆွတ်ငိုင်ယန်ကျေးရွာအနီးတွင် ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင်အချိန်ခန့်က စစ်ကောင်စီတပ်မှစစ်ကြောင်းထိုးလှုပ်ရှားစဥ် ဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လက် နက်ကြီး စထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်းသိရသည်။


အနီးနားကျေးရွာရှိ ဒေသခံများမှ “ဆွတ်ငိုင်ယန်မှာ ကိုယ်ဝန်နဲ့အမျိုးသမီး လက်နက်ကြီးထိပြီး သွေးတွေအလိမ်းလိမ်းနဲ့ဒဏ်ရာရထားတာ သွားခေါ်ထုတ်ဖို့ က မော်ဝမ်းကျောင်းအကျော်ကလမ်းမကြီးမှာတင်အစစ်အဆေးရှိတော့ လာသမျှပြန်လှည့်ခိုင်းနေတာ။ တစ်လမ်းလုံးသူတို့လူတွေကြီးပဲ။ အပြင်တောင်သိပ်မထွက်ရဲဘူး “ ဟုလက်နက်ကြီးထိမှန်သူ ကိုယ်ဝန်သည်အမျိုးသမီးအားကူညီကယ်ထုတ်ရန်အခက်အခဲဖြစ်နေကြောင်းပြောသည်။


ထိုလက်နက်ကြီးစထိမှန်ကာ ဒဏ်ရာရသွားသည့် အမျိုးသမီးမှာ ဆွတ်ငိုင်ယန်ကျေးရွာနေ အသက် ၂၃ နှစ်အရွယ် မဆိုင်းနန် ဆိုသူဖြစ်ပြီး၊ ငါးလသားအရွယ်ကိုယ်ဝန်လွယ်ထားရသူဖြစ်ကြောင်းသိရသည်။


ဖားကန့်ဒေသတွင် မေလ ကုန်ပိုင်းမှ စတင်ပြီး စစ်ကောင်စီဘက်မှစစ်ကြောင်းများ စတင်ဝင်ရောက်လာသည့်အချိန်မှစ၍ စစ်ကောင်စီနှင့် KIA ကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး၊ စစ်ကောင်စီမှ သေနတ်နှင့် လက်နက်ကြီးများကို လူနေအိမ်များရှိရာသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူများနှင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးမှုများရှိနေကြောင်းသိရသည်။


စစ်ကောင်စီက စစ်ကြောင်းဖြတ်သန်းရာတစ်လျှောက်ရှိ ဒေသခံများအား လူသားဒိုင်းကာအဖြင့် ဖမ်းဆီးမှုများနှင့် ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခံရမှုများမှာလည်း ခပ်စိတ်စိတ်ဖြစ်လာကြောင်းသိရသည်။


သတင်း - ND


Comments


Pajau Media

Thanks for subscribing!

bottom of page