top of page

ဖားကန့်နှင့်ဝိုင်းမော်ဒေသများတွင် စစ်ကောင်စီမှ လက်နက်ကြီးနေ့စဉ်ပစ်ခတ်နေ

  • Writer: Pajau Media
    Pajau Media
  • Jul 23, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၃ရက်၊ဇူလိုင်၊၂၀၂၅။



ဖားကန့်နှင့်ဝိုင်းမော်ဒေသများတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် နေ့စဉ်ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။


ဇူလိုင်၂၂ရက် ညနေ၃နာရီ၁၄မိနစ်အချိန်တွင် ဖားကန့်မြို့အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဆိုင်းတောင်ဆုတောင်းတောင်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။


ထို့အပြင် ဇူလိုင်၂၁ရက်နေ့ ည၁၁နာရီအချိန်တွင်လည်း မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဝိုင်းမော်ဘက်ခြမ်းသို့ လက်နက်ကြီး(၆)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။


စစ်ကောင်စီက ဖားကန့်ဒေသအတွင်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်သာမက နေ့စဥ်လေကြောင်းဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေကြောင်းသိရသည်။


ဝိုင်းမော်ဒေသတွင်လည်း စစ်ရေးလှုပ်ရှားမှုများ ပုံမှန်ရှိနေသောကြောင့် ထိတွေ့တိုက်ပွဲ မကြာခနဖြစ်ပွားနေပြီး၊ လေယာဥ်ဖြင့်လည်း ပုံမှန်လာရောက်ပစ်ခတ်နေကြောင်း သိရသည်။


သတင်း- ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page