top of page

ဖားကန့်-နန့်ယား-ကားမိုင်းသွားလမ်းကို KIAမှ ရက်အကန့်အသတ်မရှိ ပိတ်ပင်မည်

  • Writer: Pajau Media
    Pajau Media
  • Apr 21
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ဧပြီ၊၂၀၂၆။


စစ်ရေးအခြေအနေများကြောင့် ဖားကန့်-နန့်ယား-ကာမိုင်းသွားလမ်းပိုင်းကို သွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်သွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်(KIA) တပ်မဟာ(၉)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။


ဧပြီလ ၂၂ရက်မှစပြီး ဖားကန့်-နန့်ယား-ကာမိုင်းသွားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။


“ဒီရက်ပိုင်း ဖားကန့်ဘက် စစ်ရေးအခြေနေ သိပ်မကောင်းတော့ အချိန်မရွေး တိုက်ပွဲပြင်းထန်နိုင်တဲ့အတွက် ပိတ်တာဖြစ်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။


လက်ရှိ ဖားကန့်ဒေသတွင် စစ်တပ်နှင့် ဝါရာဇွပ်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များနှင့် KIA ပူးပေါင်းတပ်တို့အကြား အပြန်အလှန် စစ်ရေးတင်းမာနေပြီး စစ်တပ်က မြေပြင်ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်း၊ ဒရုန်း နှင့် လက်နက်ကြီးများလည်း ဆက်လက် တိုက်ခိုက်နေသည်။


ထိုသို့ စစ်တပ်က စစ်အင်အားအလုံးအရင်း ထိုးစစ်ဆင်လာပြီး ဖားကန့်ဒေသတွင် အချိန်မရွေး နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများ သတိထား သွားလာနေထိုင်ကြရန် တော်လှန်ရေးတပ်များက သတိ‌ပေးထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page