top of page

ဖားကန့်၊ နမ့်မှော်ကျေးရွာတွင် နွံကန်ပေါက်ကျလာသောကြောင့် လမ်းပေါ်တွင် ရွံ့နွံများဖြင့် ပိတ်နေ

  • Writer: Pajau Media
    Pajau Media
  • Mar 21, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊မတ်လ၊၂၀၂၅။



ဖားကန့်၊ နမ့်မှော်ကျေးရွာတွင် မတ်လ၂၁ရက် ယနေ့နံနက် ၈နာရီအချိန်က နွံကန်ပေါက်ကျလာသောကြောင့် လမ်းပေါ်တွင် ရွံ့နွံများဖြင့် ပိတ်မိနေကြောင်း သိရသည်။


လျှံကျလာသည့် ရွံ့နွံကန်များမှာ နမ့်မှော်ကျေးရွာထိပ်မှဖြစ်ပြီး၊ လူသွားလမ်း လမ်းမကြီးပေါ်တွင် လျှံကျစီးဆင်းလာသောကြောင့် လူသွား၍မရဘဲ ပိတ်မိနေသည်ကို ဖေ့ဘုတ်စာမျက်နာများပေါ်တွင် ပျံ့နှံ့လာသည့် ဗီဒီယိုတွင် တွေ့မြင်နေရသည်။


အဆိုပါ နွံလျှံကျလာခြင်းကို လူမှုကူညီရေးအသင်းအဖွဲ့မှ လျှင်မြန်စွာ လာရောက်ရှင်းလင်း သန့်ရှင်းရေးလုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။





“ကုမ္ပဏီပိုင် နယ်မြေတွေပဲ၊ မြေစာပေါက်ကျလာလိုက်၊ နွံကန်ပေါက်ကျလာလိုက်နဲ့ ဘယ်အစိုးရမှလည်း အဲဒါကို တာဝန်ယူဖြေရှင်းပေးတာ မရှိဘူး။ နွံကန်အကြီးကြီးတွေလဲ ရှိသေးတယ်၊ အဲ့တာတွေ ပေါက်ကျလာမှာကိုလည်း စိုးရိမ်နေတယ်။” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။


ဖားကန့်ဒေသတွင် ယခုကဲ့သို့ စိုးရိမ်ရသည့် နွံကန်များ ကျန်ရှိနေသေးသည့်အပြင် သက်ဆိုင်သည့် အစိုးရနှင့် ကုမ္ပဏီများ ပူးပေါင်း၍ ပြည်သူများ အန္တရာယ်မဖြစ်စေရန် အမြန်ဆုံးဖြေရှင်းပေးဖို့ မျော်လင့်သော်လည်း တာဝန်ယူဖြေရှင်းသူ မရှိကြောင်း ဒေသခံများက ပြောသည်။


ဖားကန့်ဒေသသည် ကျောက်စိမ်းမှော်ဒေသဖြစ်သည့်အပြင် ကုမ္ပဏီအများအပြားလည်း ဝင်ရောက်လုပ်ကိုင် တူးဖော်ကြရာ မြေစာနွံကန်ပေါက်ကျမှုကြောင့် လူသေဆုံး ထိခိုက်နစ်နာမှုများ၊ ပျက်စီးဆုံးရှုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။


ဖားကန့်ဒေသတွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစပြီး ဖြစ်သလိုတူးဖော်လာကြသလို ပြီးခဲ့သည့် ဇန္နဝါရီ၁၃ရက်နေ့တွင်လည်း စပေါ့ကျေးရွာတွင် နွံကန်ပေါက်ကျမှုကြောင့် နေအိမ်(၅၀)ကျော် ထိခိုက်ပျက်စီးခဲ့ပြီး၊ ပြည်သူ (၃၀)ကျော် အသက်သေဆုံးခဲ့ရသည်။


 သတင်း - ဖားကန့်


Comments


Pajau Media

Thanks for subscribing!

bottom of page