top of page

ဖားကန့်မြို့တွင် မှော်လှည့်သပိတ်စစ်ကြောင်းမှ စစ်တပ်ဆန့်ကျင် ဆန္ဒပြ

  • Writer: Pajau Media
    Pajau Media
  • 1 day ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊မတ်လ၊၂၀၂၆။



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မှော်လှည့်သပိတ်စစ်ကြောင်းက စစ်တပ်၏ အကြမ်ဖက်လုပ်ရပ်များကို ဆန့်ကျင်ကြောင်း ယနေ့ ၁၇ရက်နေ့ နံနက်ပိုင်းအချိန် ဖားကန့်ဒေသတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


ဖားကန့်ပြည်သူများနှင့် မှော်လှည့်သပိတ်စစ်ကြောင်းက "အပြစ်မဲ့သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ် အလိုမရှိ" "ပြည်သူသာအဓိက မည်သည့် အာဏာရှင်စနစ်မှ အလိုမရှိ"နှင့် "စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ ပြည်သူအားလုံးပါဝင်စို့" ဆိုသည့် စာများရေးဆွဲကာ ဆန္ဒပြခဲ့ကြသည်။


ထို့အပြင် မြစ်ဆုံ စီမံကိန်း နှင့် ဖားကန့်မြို့နယ်တွင် စစ်တပ်၏လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်းများ အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြသည်၊


စစ်ကောင်စီတပ်များသည် ကချင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။


သတင်း-ဖရိန်း

Photos - Crd


Comments


Pajau Media

Thanks for subscribing!

bottom of page