top of page

မြစ်ကြီးနားမြို့တွင်း ဆီဈေးနှုန်း လျော့ကျခြင်းမရှိသေး၊ ဘက်ထရီဆိုင်ကယ်များ ရောင်းအားကောင်းမွန်

  • Writer: Pajau Media
    Pajau Media
  • 21 hours ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊မတ်လ၊၂၀၂၆။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာပြီးနောက်ပိုင်း ဘက်ထရီဆိုင်ကယ် ရောင်းအားပိုမို ကောင်းမွန်လာပြီး၊ ဘက်ထရီဆိုင်ကယ် ဈေးနှုန်းလည်း ယခင်ထက် မြင့်တက်လာကြောင်း သိရသည်။


အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် မတ်လ၃ရက်နေ့မှစ၍ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာပြီးနောက် မြစ်ကြီးနားဒေသခံများမှာ စက်သုံးဆီသုံး ယာဉ်များအစား ဘက်ထရီဆိုင်ကယ်များကိုသာ ပိုမိုဝယ်ယူ အသုံးပြုလာကြကြောင်း သိရသည်။


မြစ်ကြီးနားမြို့တွင် ဆီဈေးအတက်အကျရှိတိုင်း ဘက်ထရီဆိုင်ကယ်များ ရောင်းအားပိုမိုကောင်းမွန်လာလေ့ရှိပြီး၊ ဘက်ထရီဆိုင်ကယ်အရောင်းဆိုင်များလည်း ယခုလအတွင်း ရောင်းအားသိသိသာသာ တက်လာသည်ဟု ပြောသည်။


လက်ရှိ မြစ်ကြီးနားမြို့တွင် စက်သုံးဆီမှာ ၉၂တစ်လီတာလျှင် ၉၅၀၀ကျပ်ထိ မြင့်တက်နေပြီး၊ ပြီးခဲ့သည့် မတ်လဆန်း၃ရက်နေ့ကတည်းက မြင့်တက်ခဲ့သည့် ဆီဈေးနှုန်းမှာ လျော့ကျလာခြင်းမရှိသေးဘူးဟု ဆိုကြသည်။


ဘက်ထရီဆိုင်ကယ် ဈေးနှုန်းများမှာလည်း အမျိုးအစားပေါ်မူတည်ကာ အနည်းဆုံး ၂၈သိန်းကျပ်မှ စတင်ကာ သိန်း(၅၀)ထိ အစားစားရှိနေပြီး၊ ရောင်းလိုအားလည်း ကောင်းမွန်နေဆဲ ဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page