top of page

ဖားကန့်မြို့နယ်၊ကားမိုင်း-နမ့်ယားအကြား နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေ

  • Writer: Pajau Media
    Pajau Media
  • 14 hours ago
  • 1 min read

ပါဂျောင်မီဒီယာ။

၂၅ရက်၊ဇွန်လ၊၂၀၂၅။


ဖားကန့်မြို့နယ်ရှိ ကားမိုင်းနှင့် နမ့်ယားအကြားနေရာတွင် စစ်ကောင်စီနှင့် KIAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဇွန်လ၂၄ရက် နံနက်၆နာရီ အချိန်ကတည်းက ကားမိုင်းနှင့် နမ့်ယားအကြားရှိ အွန်ကထောင်ကျေးရွာတွင် KIAနှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယနေ့အချိန်ထိ ဆက်လက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။


ကားမိုင်းဗျူဟာကုန်းမှ စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ (၈၀)နီးပါးက ကားမိုင်းနှင့် နမ့်ယားအကြား တပ်စွဲနေထိုင်ရန် စစ်ရေးလှုပ်ရှားလာသောကြောင့် KIAတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


စစ်ကောင်စီစစ်ကြောင်းများမှာ လက်ရှိအွန်ကထောင်ကျေးရွာတွင် ရောက်ရှိနေပြီဖြစ်ပြီး၊ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုအပြန်အလှန်တင်းမာနေဆဲဖြစ်သည်ဟု ဆိုသည်။


ကားမိုင်း-ဖားကန့်လမ်းတစ်လျှောက် ပြီးခဲ့သည့် မေလ၂၄ရက်ကတည်းက စစ်ကော်စီတပ်ဖွဲ့နှင့် KIA တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ ယင်းအချိန်ကစပြီး ထိုဒေသမှ ဒေသခံပြည်သူများမှာ လက်ရှိအချိန်ထိ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့နေကြဆဲ ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page