top of page

ဖားကန့်မြို့နယ် ဆန်ခါကျေးရွာတွင် စစ်ကောင်စီမှ လေကြောင်းဖြင့်လာရောက်ပစ်ခတ်ခဲ့သည့် ဗုံးတစ်လုံးမပေါက်ကွဲပဲတွေ့ရှိ

  • Writer: Pajau Media
    Pajau Media
  • Jan 15, 2025
  • 1 min read

ပါဂျောင်မီီဒီယာ။

၁၅ရက်၊ဇန္နဝါရီ၊၂၀၂၅။



ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာနှင့် မဇွပ်ယန်ကျေးရွာတစ်လျှောက် စစ်ကောင်စီက လေယာဉ်ဗုံး(၇)ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်မှုရှိခဲ့ရာ မပေါက်ကွဲသေးဘဲ ကျန်ရှိနေသေးသည့် ဗုံးများ ပြန်လည်ရှာတွေ့ရသောကြောင့် ဒေသခံများ စိုးရိမ်နေကြရသည်ဟု ပြောသည်။


စစ်ကောင်စီမှ လေယာဉ်ဗုံး လာရောက်ပစ်ခတ်မှုမှာ ဆန်ခါကျေးရွာ နေအိမ်တစ်အိမ်၏ အိမ်သာအဟောင်းတစ်နေရာတွင် ပေါင်၅၀၀နီးပါးရှိသည့် လေယာဉ်ဗုံးတစ်လုံး ရှိနေသေးသည့်အတွက် ဒေသခံများ တူးဖော်ကြည့်ရာ ဗုံးတစ်ဝက်လောက်မှာ မြေကြီးအောက်ထဲ နစ်မြုပ်နေသေးကြောင်း သိရသည်။


လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာသို့ သက်ဆိုင်သည့် တာဝန်ရှိသူများမှာ လာရောက်စစ်ဆေးခဲ့ချိန် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးအား တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ KIAဘက်မှလည်း အဆိုပါဗုံးအား တူးဖော်ရှင်းလင်း၍ မရသေးသည့်အတွက် အနီးအနားရှိ ဒေသခံများလည်း ကြောက်ရွံ့သောကြောင့် ယာယီရွှေ့ပြောင်း နေထိုင်ကြသည်ဟု ဆိုသည်။


ထို့အပြင် ယနေ့တွင်လည်း လုံးခင်းအုပ်စု၊ မဇွပ်ယန်ကျေးရွာ တာဝါတိုင်အနီး လမ်းကြားတွင် ဗုံးသီးတစ်လုံး စွန့်ပစ်ထားသောကြောင့် ဆေးသမားတစ်ဦးမှ ကောက်ရခဲ့ပြီး အဟောင်းဆိုင်သို့ လာရောင်းစဉ် မကွဲသေးသော ဗုံးသီးဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။


ကချင်ပြည်နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဇန္နဝါရီ(၁၀)ရက်ကျော်အတွင်း အရပ်သားပြည်သူပေါင်း (၂၀)ကျော် အသက်သေဆုံးခဲ့ရပြီး၊ (၃၀)ဦးနီးပါးက ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page