top of page

ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ကျေးရွာအနီးတွင် ဝါရာဇွပ်ပြည်သူ့စစ်နှင့် KIAတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Mar 15, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၅ရက်၊မတ်လ၊၂၀၂၅။



KIAအမှတ်(၂)တပ်မဟာ၊ အမှတ်(၁၄)တပ်ရင်းဒေသတွင် စစ်ရေးလှုပ်ရှားလာသည့် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့များကို ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


မတ်လ(၁၄)ရက် ယမန်နေ့ နံနက်၇နာရီခန့်တွင် စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ် အင်အား(၅၀)ခန့်ကို ဝါခ(Wa Hka)တပ်စခန်းဘက် စစ်ကြောင်းထိုး လှုပ်ရှားလာချိန် KIAတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဝါရာဇွပ်ဒေသတွင် ပြည်သူ့စစ်နှင့် KIAတို့ စစ်ရေးတင်းမာကာ တိုက်ပွဲများဖြစ်ပွားနေကြဆဲဖြစ်ပြီး၊ စစ်ကောင်စီတပ်ဖွဲ့မှလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဝါရာဇွပ်ကျေးရွာအနီးရှိ နမ်ဆိုင်ကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်နှစ်စီးဖြင့် လေယာဉ်ဗုံး လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။


ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့များမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများသို့ လေယာဉ်၊ဒရုန်းများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေခဲ့ခြင်းဖြစ်သည်။


လက်ရှိ ဗန်းမော်ဒေသတွင်လည်း စကခ(၂၁)တပ်စခန်းကို KIAပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး၊ စစ်ကောင်စီတပ်မှလည်း နေ့စဉ် လေကြောင်း၊ဒရုန်းနှင့်လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်နေခဲ့ကြောင်း သိရသည်။


 သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page