top of page

ဖားကန့်-မှော်ဝမ်းကျေးရွာ မီးရှို့ဖျက်ဆီးခံရ

  • Writer: Pajau Media
    Pajau Media
  • May 20
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊မေလ၊၂၀၂၆။



ဖားကန့်-မှော်ဝမ်းကလေးကျေးရွာကို စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။


မေလ၂၀ရက် နံနက်၂နာရီအချိန်ခန့်တွင် ဖားကန့်-မှော်ဝမ်းကျေးရွာမှ ပြည်သူနေအိမ်များကို စစ်ကော်မရှင်တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင့် ဒေသခံများက ပြောသည်။


မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူနေအိမ်များ မည်မျှပါဝင်သွားသည်ကို အတိအကျမသိရသေးသလို၊ ယင်းကျေးရွာတွင် စစ်ကော်မရှင်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များသာ တပ်စွဲနေထိုင်သည့်အပြင် ဒေသခံပြည်သူများ သွားရောက်ကြည့်ရှု့ရန်လည်း သွားလာခွင့်မပေးထားကြောင်း ဒေသခံများ ပြောပြသည်။


ထို့အပြင် မှော်ဝမ်းကလေးကျေးရွာတွင် စစ်ကော်မရှင်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက ပြည်သူများ၏ တန်ဖိုးကြီးပစ္စည်းများကို ယင်းတို့စိတ်ကြိုက် ခိုးယူလုယက်ပြီးနောက် ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။


လက်ရှိ မှော်ဝမ်းကလေးကျေးရွာမှ ဒေသခံပြည်သူများမှာ ထိတွေ့တိုက်ပွဲကြောင့် မိမိလုံခြုံရာ နေရာအသီးသီးသို့ စစ်ဘေးရှောင်ထွက်ပြေးနေထိုင်ကြချိန်လည်း ဖြစ်ပြီး၊ ကျေးရွာအတွင်းမှာ စစ်ကော်မရှင်နှင့် ပြည်သူ့စစ်များသာ နေရာယူတပ်စွဲထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page