ဖားကန့်- မော်ဝမ်း ဘက်ယနေ့ ဗုံးကျဲ
- Pajau Media

- Jul 22, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၂ရက်၊ဇူလိုင်၊၂၀၂၅။

ယနေ့ ညနေပိုင်း 4:00pm ဖားကန့်- မော်ဝမ်းကလေး ဘက် ဗုံးကျဲသွားတယ်လို့ သိရပါတယ်။
''ကျနော် တို့ ဒီ ဖားကန့်မြို့တို့ လုံးခင်းမြို့ တို့က ပုံမှန် သွားလာနေကြတာ ပါဘဲ။
သတင်းတွေမှာက ဖားကန့်မြို့မှာဘဲ တိုက်ပွဲ ဖြစ်နေသလိုလို၊ ဖားကန့်မြို့ မှာဘဲ ဗုံကျဲသလိုလို ဖွနေကြသာ။
စစ်ဖြစ်နေတာက မော်မော်လယာန်တို့၊ မော်ဝမ်းကလေး၊ မော်ဝမ်းကြီး ဘက်မှာဘဲ ဖြစ်နေသာပါ။ အဲဘက်ကိုက သွားလာခွင့်တွေ ပိတ်ထားတယ်။ စစ်ကြောင်းထိုးတာလဲ အဲဘက်ကိုဘဲ ထိုးတယ်။ ဒီနေ့ လေယာဥ်ဗုံးကျဲသာလည်း အဲဒီဘက်ကိုဘဲကျဲသွားတာ''
မော်ဝမ်းကလေး က ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း ဗုံးဒဏ်မိတယ် လို့တော့ကြားတယ်။အဲဒါက အရင်အပတ်က ထင်တယ်။ လုံးဝပျက်စီးသွားတယ်လို့တော့ မကြားမိဘူး။ ထိတယ်လို့တော့ကြားတယ်'' ဆိုပြီး ဖားကန့် မြို့ခံ တစ်ဦး က Pajau Media ကိုပြောပြပါတယ်။
ကချင်ပြည်နယ်မှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာက ဗန်းမော်မြို့ နဲ့ ဖားကန့်နယ် ဘက်ဖြစ်ပါတယ်။
သတင်း–ထိန်နိုင်




Comments