top of page

ဖားကန့်-မော်ဝမ်းဘက်သို့ စစ်ကောင်စီမှလေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်

  • Writer: Pajau Media
    Pajau Media
  • Jul 21, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊ဇူလိုင်လ၊၂၀၂၅။


ဖားကန့်ဒေသ၊ မော်ဝမ်းကလေးဘက်သို့ ယမန်နေ့ ဇူလိုင်၂၀ရက် ညနေ၄နာရီအချိန်ခန့်တွင် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲသွားကြောင်း သိရသည်။


“စစ်ဖြစ်နေတာက မော်မောင်းလယာန်တို့၊ မော်ဝမ်းကလေး၊ မော်ဝမ်းကြီး ဘက်မှာ ဖြစ်နေတာပါ။ အဲဘက်ကိုက သွားလာခွင့်တွေ ပိတ်ထားတယ်။ စစ်ကြောင်းထိုးတာလဲ အဲဘက်ကိုဘဲ ထိုးတယ်။ ဒီနေ့ လေယာဥ်ဗုံးကြဲတာလည်း အဲဒီဘက်ကိုဘဲကြဲသွားတာ'' ဟု ဖားကန့်မြို့ခံတစ်ဦးက ယမန်နေ့က ပြောသည်။


လေယာဉ်ဗုံးလာကြဲသည့် မော်မောင်းလယန်၊မော်ဝမ်းကလေး၊မော်ဝမ်းကြီးတို့ဘက် သွားလာခွင့် ပိတ်ကာ၊ စစ်ရေးပြင်းထန်နေပေမယ့် ဖားကန့်မြို့နှင့်လုံးခင်းမြို့တို့တွင် ပုံမှန်သွားလာနေကြောင်းလည်း ပြောသည်။


ပြီးခဲ့သည့် ဇူလိုင်၁၈ရက် ညနေ၅နာရီ၄၀မိနစ်နှင့် ၆နာရီအကြား ဖားကန့်၊ဗလခကျေးရွာတွင် စစ်တပ်က ဂျက်လေယာဉ်ဖြင့် ဗုံး(၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်းနှင့် ဖားကန့်ဗျူဟာကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဖားကန့်(အထက)ကျောင်းရှေ့တွင် ဈေးရောင်းနေသည့် ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။


လတ်တလော ဖားကန့်ဒေသတွင် စစ်ကောင်စီက စစ်ဖြစ်နေသည့် နေရာအပြင် တိုက်ပွဲမဖြစ်သည့် ဒေသများတွင်လည်း လေယာဉ်ဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေကြောင်းသိရသည်။


သတင်း - ထိန်နိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page