ဖားကန့်-လုံးခင်းကျေးရွာတွင် နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေ
- Pajau Media

- May 4
- 1 min read
ပါဂျောင်မီဒီယာ
၄ရက်၊မေလ၊၂၀၂၆။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ယနေ့နံနက် အစောပိုင်းအချိန်မှစပြီး စစ်ကောင်စီပူးပေါင်းတပ်နှင့် KIA ပူးပေါင်းတပ်အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြန်လည်ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း စစ်ရေး သတင်းရင်းမြစ်များမှ သိရသည်။
ယနေ့ မေလ ၄ ရက် နံနက် ၅ နာရီ ၂၀ မိနစ်ချိန်မှစ၍ လုံးခင်းကျေးရွာ ဂေါက်ကွင်း၊ သင်္ချိုင်းနေရာနှင့် မှော်စီဆာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်း သေနတ်ပစ်ခတ်သံ၊ လက်နက်ကြီးပေါက်ကွဲသံများ ဆက်တိုက်ကြားနေရကြောင်း ဒေသခံများက ဆိုသည်။
ထို့သို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေသော ဖားကန့်ဒေသတွင် လေကြောင်းရန်ကိုလည်း သတိထား သွားလာနေထိုင်ကြရန် တော်လှန်ရေးတပ်များက သတိပေးထားသည်။
ဖားကန့်ဒေသတွင် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့မှ စပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီက စစ်အင်အားအလုံးအရင်းဖြင့် မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အပြင် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများလည်း နေ့စဉ်ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments