ဖားကန့်-လုံးခင်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ
- Pajau Media

- May 7
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊မေလ၊၂၀၂၆။

ဖားကန့်-လုံးခင်းကျေးရွာဘက် ယမန်နေ့ မေလ၆ရက် ညနေ၇နာရီကျော်ခန့်မှစ၍ စစ်ကော်မရှင်နှင့် KIAပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားလာခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်သံများ ဆက်တိုက်ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ နံနက်ပိုင်းအချိန်တွင် လက်နက်ပစ်ခတ်သံများ အနည်းငယ်ငြိမ်သက်နေခဲ့သော်လည်း ညနေ၇နာရီကျော်နောက်ပိုင်း လက်နက်ကြီး၊ လက်နက်ငယ်သံများ တစ်ဖန်ပြန်ကြားလာရပြီး၊ နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ဖားကန့်တပ်မကုန်းမှလည်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ကူခဲ့ကြောင်းနှင့် နှစ်ဖက်ထိခိုက်သေဆုံးမှုလည်း ရှိခဲ့ကြောင်း သိရပြီး၊ ၈နာရီခန့်တွင် နေအိမ်တစ်အိမ်တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပြည်သူထိခိုက်မှု ရှိခဲ့သည်။
အလားတူ ယနေ့တွင်လည်း နံနက်အစောပိုင်း ၆နာရီကတည်းက လက်နက်သံ အပြန်အလှန် ပစ်ခတ်သံများ ကြားနေရပြီး၊ တိုက်ပွဲပြင်းထန်နေသလို တပ်မကုန်းမှလည်း လက်နက်ကြီး ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments