ဖားကန့်-လုံးခင်းတွင်း တိုက်ပွဲပြင်းထန်နေပြီး၊ ပြည်သူအများအပြား ပိတ်မိနေ
- Pajau Media

- Apr 7
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ဧပြီ၊၂၀၂၆။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် စစ်တပ်က နေရာယူတပ်စွဲကာ တိုက်ခိုက်လာပြီး၊ ကျေးရွာတွင်း တိုက်ပွဲပြင်းထန်နေသောကြောင့် ကျေးရွာအတွင်း ပြည်သူအများအပြား ပိတ်မိနေကြောင်း ဒေသခံများ ပြောဆိုချက်အရသိရသည်။
“စစ်တပ်ဘက်က ကျေးရွာထိ တပ်စွဲတိုက်ခိုက်လာလို့ အထဲမှာ ပိတ်မိနေတဲ့သူတွေလည်း အများကြီးရှိသေးတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။
ယမန်နေ့ ဧပြီလ ၆ ရက်နေ့ ညနေပိုင်းတွင် လုံးခင်းကျေးရွာတွင်း စစ်တပ်က ဝင်ရောက်တပ်စွဲနေရာယူ တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ အပြန်အလှန် ပြင်းထန်ခဲ့ကြောင်း သိရသည်။
ထို့သို နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သောကြောင့် ဖားကန့်-မြစ်ကြီးနား-မိုးကောင်း သွားလမ်းကို ယမန်နေ့ ညနေပိုင်းမှစတင်၍ ပိတ်ပင်လိုက်ပြီး အတက်အဆင်းကားများနှင့် ခရီးသွားပြည်သူများ ပိတ်မိနေခြင်း ဖြစ်သည်။
ဖားကန့်ဒေသတွင် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့မှ ယနေ့ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ခုခံတိုက်ခိုက်နေဆဲ ဖြစ်သလို၊ ဧပြီလ ၂ ရက်နေ့တွင် ဖားကန့်မြို့ မှော်ဝမ်းအနီးရှိ ကာကင်းတပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။
သတင်း - ဖရိန်း




Comments