top of page

ဖားကန့်-လုံးခင်းဘက် စစ်ရေးပြင်းထန်နေဆဲ

  • Writer: Pajau Media
    Pajau Media
  • May 11
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊မေ၊၂၀၂၆။


ဖားကန့်-ဆိုင်းတောင်ဘက် ထိုးစစ်ဆင်ရန် ချီတက်လာသည့် စစ်ကော်မရှင်တပ်သားများကို လုံးခင်းကျေးရွာတွင် KIAပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်နေသောကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ကာ စစ်ရေးပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။


စစ်အင်အား ၃၀၀ကျော်ရှိသည့် စစ်ကော်မရှင်တပ်သားများမှာ လုံးခင်း မှော်ဆီစာမှ ဘုရာင်းကုန်း၊ ဂေါက်ကွင်း၊ ဟိုတယ် စသည့် အဆောက်အအုံ နေရာများတွင် တပ်စွဲထားပြီး တော်လှန်ရေးတပ်များရှိရာဘက် ပစ်ခတ်တိုက်ခိုက်နေသလို တော်လှန်ရေးဘက်မှလည်း ခုခံတိုက်ခိုက်နေဆဲ ဖြစ်သည်။


တော်လှန်ရေးတပ်များ ဒရုန်းများဖြင့် ခုခံတိုက်ခိုက်နေပြီး ဖားကန့်ဗျူဟာကုန်းမှလည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ကူခဲ့သောကြောင့် တိုက်ပွဲအတွင်း စစ်တပ်ထိခိုက်သေဆုံးမှု များပြားရသလို အရှင်ဖမ်းမိထားသည့် စစ်ကော်မရှင်တပ်သား ၁၅ဦးခန့်ကိုလည်း ဖမ်းမိထားသည်ဟု ဆိုသည်။


လက်ရှိ လုံးခင်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲနှင့် စစ်ရေးအရှိန် မြင့်တက်နေပြီး နေ့စဉ်လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများ ရှိနေသောကြောင့် အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံနေအိမ် မီးရှို့ဖျက်ဆီးမှုများလည်း ရှိနေသည်။


KIAပူးပေါင်းတပ်ဖွဲများမှာ ပြီးခဲ့သည့် ဧပြီလတွင်း လက်လွှတ်ခဲ့ရသည့် နေရာများကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းနေရသလို စစ်ကော်မရှင်များ စစ်အင်အားတိုး စစ်ကြောင်းဖြည့်သွားလာနေသည့် ကားမိုင်း-နန့်ယားလမ်းကိုလည်း ပိတ်ပင်ထားဆဲ ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page