top of page

ဖားကန့်လီဒိုလမ်းမပေါ်က စစ်ရှောင်တစ်ထောင်ဝန်းကျင်အတွက် အကူအညီလိုအပ်နေ

Writer: Pajau Media
Pajau Media
Dec 3, 2025
1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။



ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် တိမ်းရှောင်နေထိုင်သည့် စစ်ရှောင် တစ်ထောင်ကျော်အတွက် နေရာထိုင်ခင်းနှင့် အစားအသောက် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့သိရပါတယ်။


စစ်ပွဲကြောင့် ဖားကန့်လီဒိုလမ်းမပေါ်ရှိရွာများ ထွက်ပြေးတိမ်းရှောင်နေရပြီး နမ္မတီးမြို့ထဲတွင် တချို့က ကိုယ်ထူကိုယ်ထ နေထိုင်နေရပြီး ဆောင်းရာသီ အပြောင်းအလဲကြောင့် ဖျားနာသူတွေအတွက် ဆေးဝါးတွေလည်း လိုအပ်နေသလို အနွေးထည်နှင့်ဆောင်တွေ လိုအပ်နေတယ်လို့သိရပါတယ်။


နေရာထိုင်ခင်းအတွက် ဆောက်ထားသောတဲများမှာ မိုးကာနှင့်သာ ဆောက်လုပ်ထားသောကြောင့် စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ မိုးကာများ ဆွေးမြေ့ကာ နေရာထိုင်ခင်းအတွက် မိုးကာများ လိုအပ်နေတယ် လို့သိရပါတယ်။


နမ္မတီးမြို့တွင်နေထိုင်နေသည့် စစ်ရှောင်များဟာ နန့်ယား၊ ဒွမ်ဘုန်း၊ လဝါး၊ လဂေါင်၊ ကွမ်စိုင်ယန်ရွာများမှ ဖြစ်ပြီး စစ်ရှောင်တစ်ထောင်ခန့် ပြီးခဲ့သည့် ဧပြီလ ကတည်းက တိုက်ပွဲကြောင့် ထွက်ပြေးသိမ်းရှောင်နေရတာဖြစ်ပါတယ်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page