top of page

ဖားကန့်သွားလမ်းပိုင်းများ စစ်ဆေးရေးနှင့် လမ်းပိတ်စို့မှုများ ရှိနေသောကြောင့် ကုန်သည်များ ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Jul 29, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊ ဇူလိုင်၊၂၀၂၅။



ဖားကန့်ဒေသတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ဖားကန့်သွားလမ်းပိုင်းနေရာတွင် စစ်​ဆေးရေးနှင့် လမ်းပိတ်စို့မှုများ ရှိနေသောကြောင့် လမ်းပိုင်းတွင် ပိတ်မိနေသော ကြက်၊ ဝက်ကုန်သည်များ အခက်ခဲများနှင့် ဆုံးရှုံးမှုများစွာရှိနေကြောင်း ကားသမားများထံမှ သိရသည်။


"ဖားကန့် အတက်ကားတွေ ပိတ်မိနေကြတာ ရက်ကြာလာလို့ကြက်၊ ဝက်ကုန်သည်တွေက ကြက်သေတာတွေ ဝက်သေတာတွေလည်း များလာလို့ ဆုံးရှုံးမှုတွေလည်း ရှိကြတယ် " ဟုကားသမားတစ်ဦးက ပြောသည်။


ထိုသို့ ကားလမ်းပိတ်စို့မှုများနှင့် စစ်ကောင်စီဂိတ်များတွင် ကုန်စည်အဝင်အထွက် စစ်ဆေးမှုများရှိနေသောကြောင့် ဖားကန့်ဒေသတွင် လက်ရှိချိန်ထိ ကုန်စျေးနှုန်းမြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။


ဖားကန့်မြို့တွင် ကုန်ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်ပြီး အသား၊ ငါးဈေးနှုန်းမှာ တစ်သိန်းအထက် မြင့်တက်ကာ၊ ကြက်ဥတစ်လုံး ၁၀၀၀ ကျပ်၊ ခရမ်းချဥ်သီး တပိသာ ၂၀၀၀၀ ကျပ်၊ ဆီတပိသာ ၄၀၀၀၀ ကျပ်နှင့် အခြားကုန်ပစ္စည်းများလည်း ဆက်လက်မြင့်တက်နေသည်ဟု ဆိုသည်။


လက်ရှိချိန်ထိ ဖားကန့်သွားလမ်းပိုင်းတွင် လမ်းပိတ်စို့မှုများ ဆက်ရှိနေသဖြင့် ဖားကန့်တက်မည့် ကားတစ်ချို့လည်း ဟိုပင်မြို့သို့ ပြန်ခေါက်နေ​ကြကြောင်း သိရသည်။


ထို့အပြင် ဟိုပင်ရွာသစ်ကြီးနေရာတွင် အတက်အဆင်းကားများကို ပိတ်ထားသောကြောင့် 7 မိုင် လယ်တောလမ်းဘက်မှ ပြည်ထောင်စုလမ်းမအတိုင်း ဟိုပင်မြို့ကို သွားလာ​နေရ ကြောင်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page