top of page

ဖားကန့်အဝင်တံတားဖြစ်သည့် ပန်းဒင်တံတားတွင် စစ်ကောင်စီတပ်ဖွဲ့များ အင်အားဖြည့်လှုပ်ရှားနေ

  • Writer: Pajau Media
    Pajau Media
  • Nov 26, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၆ရက်၊နိုဝင်ဘာ၊၂၀၂၄။



ဖားကန့်အဝင် ပန်းဒင်တံတားတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့များမှ စစ်အင်အားတိုး လှုပ်ရှားလာသောကြောင့် လမ်းသွားလမ်းလာ ပြည်သူများ လုံခြုံရေးအတွက် စိုးရိမ်လာကြပြီး စစ်ရေးတင်းမာလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။


“အရင်ကတည်းက ရဲစခန်းအထိုင် နေရာတော့ဟုတ်တယ်။ ဒါပေမယ့် အခုရက်ပိုင်းအတွင်းမှာတော့ စစ်အင်အားတွေ တိုးလာပြီး လှုပ်ရှားလာတာကို တွေ့ရတယ်။ စစ်ရေးပြင်ဆင်လာသည့် သဘောလည်း ဖြစ်နိုင်တယ်။ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေးပြီး ပိုက်ဆံကောက်တာတွေလည်း ဆက်တိုက်လုပ်နေတယ်။” ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


ဖားကန့်အဝင်မှ ပန်းဒင်တံတားမှာ ဖားကန့် တပ်မကုန်းတပ်ကို အဓိကလုံခြုံရေးယူပေးသည့် အချက်အချာကျသောနေရာဖြစ်သောကြောင့် လုံခြုံရေးတင်းကြပ်တိုးမြင့်လာသည့်သဘော ဖြစ်နိုင်ကြောင်း၊ လက်ရှိတွင်စစ်ကောင်စီက စစ်တပ်စခန်းဘေးပတ်လည်တွင် ဗုံးခိုကျင်း ကတုတ်ကျင်းများတူးဖော်ခြင်း၊ ကင်းထောက်လှည့်လှည်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို တိုက်ပွဲအတွင်း အသုံးပြုလာခြင်းများ လုပ်ဆောင်လာနိုင်ကြောင်းသိရသည်။




လတ်တလော စစ်ကောင်စီတပ်ဖွဲ့များနေရာယူထားသည့် ပန်းဒင်တံတားအောက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများ အများအပြား ရှိနေပေမယ့် အရေးယူဖမ်းဆီးခြင်းများ မရှိဘဲ စစ်ရေးတွင်အသုံးပြုလာနိုင်ကြောင်း သိရသည်။


စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ဆိုင်းတောင် Lucky Men ဟိုတယ် တိုက်ပွဲတွင်လည်း မူးယစ်ဆေးဝါး သုံးစွဲသူများကို အရပ်သားပြည်သူများ၏ နေအိမ်မှပစ္စည်းများ မိမိစိတ်ကြိုက် ယူသုံးခွင့်နှင့် နေအိမ်မီးရှို့ဖျက်ဆီးခိုင်းခြင်းများအတွက် အသုံးပြုခဲ့သေးသည်။


လက်ရှိမှာတော့ စစ်တပ်က ဖားကန့်ဒေသအတွင်း စစ်အင်အားတိုးကာ စစ်ရေးလှုပ်ရှားမှုများ တစ်ဖန်လုပ်ဆောင်လာသောကြောင့် လမ်းသွားလမ်းလာ ပြည်သူများ လုံခြုံရေးအတွက် စိုးရိမ်နေကြရသလို ကချင်ပြည်နယ်အတွင်းမှ မိုးမောက်ဒေသနှင့် ဝိုင်းမော်ဒေသများတွင်လည်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page