top of page

ဖုန်ငိုင်ယာန် စစ်ရှောင်စခန်းရှိ ပြည်သူများ စစ်ကောင်စီလေကြောင်းရန်ကြောင့် ထပ်မံတိမ်းရှောင်နေရ

  • Writer: Pajau Media
    Pajau Media
  • Nov 17
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။



ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာအုပ်စုမှပြည်သူများ(၁၀၀၀)ခန့်သည် ၂၀၂၄ ခုနှစ် မေလက စပြီး ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုလတွင် လေကြောင်းရန်စိုးရိမ်ဖွယ်ရှိလာသဖြင့် တောထဲသို့ထပ်မံတိမ်းရှောင်နေကြရကြောင်းသိရှိရသည်။


၂၀၂၅ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာအစောပိုင်များတွင် ပူတာအိုမြို့နယ်နှင့်ခေါင်လန်ဖူးမြို့နယ်ဖက်သို့ စကစ၏လေကြောင်းတိုက်ခိုက်မှု(၅)ကြိမ်ထက်မနည်းရှိခဲ့ပြီး ပူတာအိုမြစ်ကြီးနားကားလမ်းတကြော၌လည်းလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုရှိလာခဲ့ပြီဖြစ်သည်။


ဆွမ်ပီယာန်နှင့်ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းကြားရှိ အင်ဆိုင်းယာန်ကျေးရွာတွင်လည်း ၁၂ရက်နေ့တွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်လာသဖြင့် စစ်ရှောင်ပြည်သူများနှင့်ထိုဒေသမှ ဒေသခံပြည်သူများ ဘေးလွှတ်ရာသို့တိမ်းရှောင်နေကြရကြောင်း စစ်ရှောင်ပြည်သူတစ်ဦးက‌ဆိုသည်။


"ဒီရက်ပိုင်း တိုက်‌လေယဉ်ခဏခဏပျံတက်လာတာရှိတယ်၊ ငါတို့စစ်ရှောင်စခန်းနဲ့သိပ်မဝေးတဲ့အင်ဆိုင်းယာန်ရွာမှာလည်း ဟိုတနေ့က ဗုံးကျဲသွားတယ်၊ ငါတို့စစ်ရှောင်စခန်း(ဖုန်ငိုင်ယာန်) က မြစ်ကြီးနားသွားလမ်းပေါ်မှာ ဖြစ်နေတာရယ်၊ တစ်ရွာလုံးကမိုးကာတဲ(အိမ်)တွေ ဖြစ်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုလုပ်လာနိုင်တယ်။ အဲဒါကြောင့် ဒီရက်ပိုင်းတွေမှာ တစ်ရွာလုံးနီးပါးအကုန်တောထဲကို ရှောင်တိမ်းနေကြရတယ်" ဟုစစ်ရှောင်ပြည်သူတစ်ဦးကဆိုသည်။


လက်ရှိအချိန်အထိ ဖုန်ငိုင်ယာန်စစ်ရှောင်စခန်းမှ ပြည်သူများတောထဲသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရခြင်းကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအလွန်ခက်ခဲပြီးဒုက္ခရောက်ရေကြရကြောင်းသိရှိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page