top of page

ဖုန်ငိုင်ယန်မှ နေအိမ်အများစု ဆောက်လုပ်ပြီးစီးသော်လည်း အိမ်ခြေ(၁၅)အိမ်အတွက် အကူအညီလိုအပ်နေဆဲ

Writer: Pajau Media
Pajau Media
Jan 9
1 min read

ပါဂျောင်မီဒီယာ

၉ရက်၊ဇန္နဝါရီ၊၂၀၂၆။


သွားလာရေးခရီးခက်ခဲမှုကြောင့် နေအိမ်ဆောက်လုပ် နေထိုင်ရန် ခက်ခဲသည့် ဖုန်ငိုင်ယန်စစ်ရှောင်စခန်းတွင် KBC လူမှုကူညီရေးအဖွဲ့များမှ ကူညီထောက်ပံ့မှုဖြင့် စစ်ရှောင်များ နေအိမ်ကို ဆောက်လုပ်နိုင်ခဲ့ပြီး အများစုမှာ ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း စစ်ရှောင်များမှ သိရသည်။


စစ်ရှောင်ကာလ ကြာမြင့်လာသော်လည်း နေရပ်ရင်းမပြန်လာနိုင်သေးသောကြောင့် အသစ်ပြန်လည် ဆောက်လုပ်ရန် လိုအပ်နေသည့် စစ်ရှောင်နေအိမ်များကို လူမှုကူညီရေးအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ပြန်လည်တည်ဆောက်နေကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။


“စစ်ရှောင်စခန်းမှာနေတဲ့ အချိန်လည်းကြာလာပြီ။ အခုနေတဲ့နေအိမ်တွေက မိုးကာတဲအိမ်ပဲဆိုတော့ ကြာလာတော့ ဆွေးမြေ့လာတယ်။ အခုက KBC အဖွဲအစည်းက ကူညီနေတာက အိမ်ခြေ ၂၀၀ အတွက် ငွေကြေးထောက်ပံ့ပေးပြီး၊ ဆောက်လုပ်နေတယ်။ အများစုက ပြီးနေပြီ။” ဟု စစ်ရှောင်တာဝန်ခံက ပြောသည်။


လက်ရှိ ကူညီထောက်ပံ့မှုဖြင့် ဆောက်လုပ်နေသည့် နေအိမ်(၂၀၀)အတွက် အများစုဆောက်လုပ်ပြီးစီးပြီဖြစ်သော်လည်း ကျန်ရှိနေသည့် အိမ်ခြေ(၁၅)အိမ်အတွက်မှာ ကူညီထောက်ပံ့မှုများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။


ဖုန်ငိုင်ယန်စစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် ပြည်သူများမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေ ၁၁ ရက်နေ့ကတည်းက မြစ်ကြီးနား-ပူတာအိုလမ်းတစ်လျှောက် တိုက်ပွဲကြောင့် ဆွမ်ပီယာန်၊ အင်စီယာန်၊ ဝါဒတ် စသည့်ကျေးရွာများမှ အိမ်ခြေ (၂၅၂)အိမ်က ပြည်သူများ နေထိုင်ကြသည်။


သတင်း- ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page