ဖေဖော်ဝါရီလအတွင်း အမျိုးသမီး (၆၃)ဦး သေဆုံး၊ (၆၆)ဦး ထိခိုက်ဒဏ်ရာရ
- Pajau Media

- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ
၁၁ရက်၊မတ်လ၊၂၀၂၆။

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ တစ်လအတွင်း တစ်နိုင်ငံလုံး အသက် ၁၈ နှစ်အောက် အမျိုးသမီး (၁၈) ဦးနှင့် ကိုယ်ဝန်ဆောင် (၁) ဦးအပါအဝင် အမျိုးသမီးစုစုပေါင်း (၆၃)ဦး သေဆုံးခဲ့ပြီး၊ (၆၆)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၄၆)ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၈) ဦး၊ မတရား သတ်ဖြတ်ခံရမှုကြောင့် (၇)ဦးနှင့် ကျည်ထိမှန်မှုကြောင့် (၂)ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ ထိခိုက်ဒဏ်ရာရရှိသူများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၄၁)ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၃)ဦး၊ မြေမြှုပ်မိုင်းကြောင့် (၁၀)ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် (၂) ဦးတို့ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း စစ်တပ် အကြမ်းဖက်မှုကြောင့် မြန်မာနိုင်ငံအနှံ့ အသက် (၁၈) နှစ်အောက်အမျိုးသမီး (၁၅၄)ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး (၅) ဦးအပါအဝင် စုစုပေါင်း (၇၉၂) ဦး သေဆုံးခဲ့ပြီး (၈၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments