top of page

ဖေဖော်ဝါရီ ၄ရက်နေ့ ညနေ၅နာရီခန့် မိုးညှင်းမြို့တွင်ကင်းပုန်းဝပ်နေသောတပ်ကြပ်ကြီးနှင့်ရဲဘော်တဦး သေနတ်ဖြင့်ပစ်ခတ်ခံရ ၊ပွဲချင်းပြီးသေဆုံး၊ညပိုင်းအမြှောက်တပ်မှလက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်

  • Writer: Pajau Media
    Pajau Media
  • Feb 5, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၄



ကချင်ပြည်နယ် မိုးညှင်းမြို့ ကားကြီးကွင်းအနီးတွင်ကင်းပုန်းဝပ်နေသောတပ်ကြပ်ကြီးနှင့်ရဲဘော်တစ်ဦးသည် ညနေငါးနာရီခန့်တွင်ထမင်းဆိုင်တွင်ထမင်းဝယ်နေစဉ် ဆိုင်ကယ်စီးနှင်းလာ‌သောလက်နက် ကိုင်သုံးဦး ရောက်ရှိလာပြီးသေနတ်ဖြင့်ပစ်ခတ်သွား‌ သောကြောင့် ထမင်းဆိုင်တွင်ပွဲချင်းပြီး‌ သေဆုံး သွားကြောင်းသိရသည်။


"သေနတ်သံကြားလို့ လှမ်းကြည့်လိုက်တော့ ထ မင်း ဆိုင်ရှေ့ကခုံတန်းလျားမှာနှစ်ယောက်လုံးသေနေပြီ၊အနားမကပ်ရဲလို့ ကျွန်တော်တို့လဲသေချာမကြည့်ခဲ့ဘူး ၊ခေါ်စစ်ခံရမှာစိုးလို့ ပြန်လှည့်လာကြတာ" ဟုမြို့နေလူငယ်များကပြောသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး မြို့နေပြည်သူများက အခြေအ‌ နေမငြိမ်ဖြစ်မည်စိုးရိမ်နေကြပြီး ည၇နာရီခန့်အချိန်တွင် မိုးညှင်းအမြှောက်တပ်မှ လက်နက် ကြီးဖြင့်ရမ်းသမ်းပစ်ခတ်နေကြောင်းသိရသည်။


ပစ်ခတ်သွားသော လက်နက်ကိုင်များသည်အရပ်ဝတ်များဝတ်ဆင်ထားသောကြောင့် မည်သည့်အဖွဲ့အစည်းမှဖြစ်သည်ကိုမပြောနိုင်ကြောင်းသိရသည်။


ပစ်ခတ်ခံရ၍သေဆုံးသွားသောတပ်ကြပ်ကြီးနှင့်ရဲ ဘော်တို့သည် မိုးညှင်းမြို့တရုတ်သင်္ချိုင်းနှင့်မိုးညှင်းတက္ကသိုလ်အနီးတဝှိုက်တွင်ကင်းပုန်းဝပ်နေသော အမှတ်၁၅ခြေလျင် တပ်ရင်းမှ တပ်သားများဖြစ်ကြောင်းသိရသည်။


သတင်း - ကချင်ပြည်သား



Comments


Pajau Media

Thanks for subscribing!

bottom of page