top of page

ဖရဲကျေးရွာမှ ကလေးငယ်များအား ကာကွယ် ဆေး မထိုးနှံပေးနိုင်သည်မှာတစ်နှစ်နီးပါးရှိလာ

  • Writer: Pajau Media
    Pajau Media
  • Jan 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၃ရက်၊ဇန္နဝါရီ၊၂၀၂၅။



ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖရဲကျေးရွာမှ ကလေးငယ်များမှာ လအလိုက် ပုံမှန်ထိုးပေးနေကြဖြစ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းမရှိသောကြောင့် မိဘများ ကလေးငယ်ကျန်းမာရေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။


ကာကွယ်ဆေးမထိုးနိုင်ခြင်းမှာ ဆေးဝါးမရောက်ရှိတော့သည့်အပြင် လမ်းခရီးကြမ်းတမ်းပြီး ကာကွယ်ဆေးအကူအညီများ ရပ်တန့်သွားကတည်းကဖြစ်ပြီး တစ်နှစ်နီးပါးရှိလာခဲ့ပြီဟု ကလေးမိခင်များက ပြောသည်။


လမ်းခရီးခက်ခဲသည့်အပြင် လမ်းတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်တပ်ဖွဲ့များမှ ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်နေသောကြောင့် လူမှုကူညီရေးအသင်းအဖွဲ့များထံမှ ကာကွယ်ဆေး ကူညီထောက်ပံ့မှု ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။


ယခင်က ဖရဲကျေးရွာမှ တစ်နှစ်အောက်ကလေးများကို ဝက်သက်၊မေးခိုင် စသည့် ကာကွယ်ဆေးများ လအလိုက် ပုံမှန်ထိုးနှံပေးနေပြီး| ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် လူမူကူညီရေးအသင်းအဖွဲ့တစ်ခုမှ ကူညီထောက်ပံ့မှုကြောင့် ကလေးငယ်များ ကာကွယ်ဆေးထိုးခြင်းမှာ နောက်ဆုံးအချိန်ဖြစ်ခဲ့ပြီး၊ ယင်းနောက်ပိုင်းတွင် ဆေးဝါးမရောက်ရှိတော့ပဲ လက်ရှိအချိန်အထိ ကလေးငယ်များအားလုံး ပုံမှန်ကာကွယ်ဆေး မထိုးနိုင်ကြသေးကြောင်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page