top of page

ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ KIO တည်ထောင်ခြင်း (၆၄)နှစ်မြောက်မိန့်ခွန်း

  • Writer: Pajau Media
    Pajau Media
  • Oct 25, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၅ရက်၊အောက်တိုဘာ၊၂၀၂၄။



လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေအရ အရွယ် ရောက်ရှိပြီးသည့် လူငယ်များအားလုံး တော် လှန်ရေး လုပ်ငန်းဆောင်ရွက်မှုများတွင် အားသွန် ခွန်စိုက် ပါဝင်လာစေရန် KIOဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ယနေ့ကျရောက်သည့် KIOတည်ထောင်ခြင်း(၆၄)နှစ်မြောက် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။


မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ ပါဝင်ထောက်ခံသည့် တော်လှန်ရေးဖြစ်သောကြောင့် စစ်အာဏာရှင်စနစ်မှာ ဧကန်မုချ ကျဆုံးမည်ဖြစ်ပြီး KIO ကလည်း မိမိနှင့်ပန်းတိုင်တူကာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် အဖွဲ့အစည်းများနှင့် လက်တွဲသွားရန် ဆုံးဖြတ်ထားသည့်အလျောက် ဆက်လက်၍ အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မိန့်ခွန်းတွင် ပြောဆိုထားသည်။


စစ်ကောင်စီ၏ လုပ်ဆောင်ချက်များတွင် အားတက်သရောပါဝင်နေသော ပြည်သူ့စစ်အဖွဲ့များကို ညှိနှိုင်းဆွေးနွေးသည့်နည်းလမ်းဖြင့် စည်းရုံးခဲ့ပြီး အချို့ပြည်သူ့စစ်အဖွဲ့များမှာ ရပ်နားသွားသည့်အဖွဲ့များရှိခဲ့သလို အချို့ပြည်သူ့စစ်အဖွဲ့များမှာ ဆက်လက်လုပ်ဆောင်နေသူများလည်း ရှိနေသည်ကို တွေ့ရသည်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များလည်း မိမိပြည်သူ့စစ်အဖွဲ့ကို ရုတ်သိမ်းပြီး KIOလမ်းစဉ်တစ်ခုတည်းတွင် လျှောက်လှမ်းရန် ဗိုလ်ချုပ်ကြီး၏မိန့်ခွန်းတွင် သတိပေး ပြောဆိုထားသည်။


ပြီးခဲ့သည့် မတ်လ ၇ရက်နေ့ကတည်းက KIAပူးပေါင်းတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ပွဲစတင်ပြီးနောက် စစ်ကောင်စီတပ်စခန်း ၂၂၀ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး၊ သိမ်းပိုက်ထားပြီးဖြစ်သည့် မြို့၊ဒေသများကို ပြန်လည်ထူထောင်ရေးနှင့် KIOအုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။


KIO ကို ၁၉၆၀ခုနှစ်အောက်တိုဘာ၂၅ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ ယနေ့တွင် (၆၄)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် လူငယ်လူရွယ်များအနေဖြင့် တော်လှန်ရေးတွင် အားတက်သရောပါဝင်ကြရန် ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page