top of page

ဗန်းမော်ခရိုင်ဒေသတွင် နှစ်ဖက်စစ်တပ်မှ စစ်ရေးတိုက်ပွဲ ပြင်းထန်နေဆဲ

  • Writer: Pajau Media
    Pajau Media
  • May 9, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၉ရက်၊မေလ၊၂၀၂၄ခုနှစ်။



ဗန်းမော်၊ မိုးမောက်နှင့် မံစီဒေသများတွင် ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် စစ်ကောင်စီအကြား ထိုးစစ်ဆင်တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။


မေလ၇ရက်နေ့မှစ၍ ဗန်းမော်၊ မိုးမောက်နှင့် မံစီဒေသများတွင် စခန်းချထားသည့် တပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်မှာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။


တိုက်ပွဲများ ပြင်းထန်နေချိန်တွင်လည်း စစ်ကောင်စီတပ်များမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ကူမှုများကြောင့် မိုးမောက်နှင့် မံစီဒေသရှိ ကျေးရွာများမှ အရပ်သားပြည်သူများအသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိကာ နစ်နာရသည့်အပြင် နေအိမ် အများအပြားလည်း မီးလောင်ပြာကျခဲ့ရသည်။




ယခုကဲ့သို့ KIAနှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေချိန် ယမန်နေ့ မေလ ၈ရက်နေ့ ည၈နာရီအချိန်ခန့်တွင် မြစ်ကြီးနား-ဗန်းမော်သွား ကားလမ်းမကြီးအပေါ်ရှိ ဒဘတ်ချောင်းတံတားကို ရွှေညောင်ပင်မှ ခ.လ.ရ (၃၂၁)တပ်ဖွဲ့ဝင်များက မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။


ခ.လ.ရ (၃၂၁)မှ မိုင်းခွဲဖျက်ဆီးခဲ့သည့် ဒဘတ်တံတားသည် စစ်ရေးအရ အရေးပါသည့်တံတားဖြစ်ပြီး အရှည်မှာ ပေ၁၀၀ကျော်ရှည်သည့် တံတားဖြစ်သည်။


မတ်လ ၇ရက်နေ့မှစတင်ခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်(KIA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှုသည် မေလ၇ရက်နေ့တွင် နှစ်လပြည့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ် စခန်းအကြီး၊အသေး အားလုံးပေါင်း စခန်း၈၀ထက်မနည်းကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page