top of page

ဗန်းမော်ခရိုင်၊ မိုးမောက်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Aug 13, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၃၊ ၈၊၂၀၂၄။



ကချင်ပြည်နယ်၊ မိုးမောက်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်(KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည့်အပြင် စစ်တပ်မှ လေယာဉ်ဗုံးကျဲခြင်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။


ပြီးခဲ့သည့် ဩဂုတ်လ၁၁ရက်နေ့ ည၉နာရီအချိန်ဝန်းကျင်တွင် အာဏာရစစ်ကောင်စီမှ ကျေးရွာအတွင်း လေကြောင်းဖြင့် လက်နက်ရမ်းသမ်းပစ်ခတ်မှုများကြောင့် ယင်းဒေသရှိ ပြည်သူများမှာ နေ့စဉ်နေ့တိုင်း ဘေးလွှတ်ရာ လုံခြုံသည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပြောသည်။


လက်ရှိတွင် မိုးမောက်ဒေသမှ အရပ်သားပြည်သူများမှာ အင်ခေါင်းပါကျေးရွာ၊ လွယ်ဂျယ်မြို့နှင့် မန်ဝိန်းကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။


စစ်ကောင်စီဝါဒဖြန့်သည့် သတင်းစာမျက်နှာများတွင် ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်သည့်ရှော့တိုက်ဒုံး မြို့အတွင်း ကျရောက်ပေါက်ကွဲသောကြောင့် သီတင်းသုံးနေသည့် သံဃာတော်နှစ်ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့သည့် အရပ်သားပြည်သူသုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း မှားယွင်းစွာ ဖော်ပြထားသည်။


မေလ၇ရက်နေ့မှစ၍ ဗန်းမော်၊ မိုးမောက်နှင့် မံစီဒေသများတွင် စခန်းချသည့် တပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ်(KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်မှာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး၊ စစ်ကောင်စီ ခ.လ.ရ(၄၃၇)တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)ပူးပေါင်းတပ်ဖွဲ့တို့၏ တန်ပြန်ထိုးစစ်ဆင်သည့် နှစ်ဖက်တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ကာ၊ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အရပ်သားပြည်သူများ၏ နေအိမ်အများအပြားလည်း ထိခိုက်ပျက်ဆီးခဲ့ရသည်။


header.all-comments


Pajau Media

Thanks for subscribing!

bottom of page