top of page

ဗန်းမော်-စင်ခန်းကျေးရွာတွင် လေယာဉ်ဗုံးကြောင့် အရပ်သားထိခိုက်သေဆုံး

  • Writer: Pajau Media
    Pajau Media
  • Feb 15, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။





ကချင်ပြည်နယ်၊ ဗန်းမော်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းဖြင့် လေယာဉ်ဗုံး လာရောက်ပစ်ခတ် တိုက်ခိုက်သောကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖေဖော်ဝါရီ ၁၄ရက်နေ့ ညနေလေးနာရီအချိန်ခန့်တွင် ဗန်းမော်ဒေသမှ စင်ခန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ဂျက်လေယာဉ်ဖြင့် လေယာဉ်ဗုံး(၃)လုံး လာရောက်ပစ်ခတ်ခဲ့သောကြောင့် အရပ်သား (၂)ဦးသေဆုံးခဲ့ရပြီး၊ (၃)ဦးထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း သိရသည်။


အသက်သေဆုံးခဲ့သူ အရပ်သားနှစ်ဦးမှာ အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၃၀)အရွယ်အမျိုးသမီးတစ်ဦးတို့ ဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ အသက်(၅၀)အရွယ် အမျိုးသားတစ်ဦး၊ အသက်(၁၂)နှစ်အရွယ် အမျိုးသမီးငယ်နှင့် အသက်(၂၂)နှစ်အရွယ် လူငယ်အမျိုးသားတို့ ဖြစ်ကြောင်း သိရသည်။


ထိခိုက်ဒဏ်ရာရရှိခဲ့သူ အရပ်သားပြည်သူများမှာ လက်ရှိ ဆေးကုသမှုခံယူနေရပြီး လေယာဉ်ဗုံးကြောင့် အရပ်သားနေအိမ် အချို့လည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။


ဗန်းမော်ဒေသတွင် ယမန်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်တပ်မှလည်း လေကြောင်းအပြင် ဒရုန်းများဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။


သတင်း - ဇော်မိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page