ဗန်းမော်တိုက်ပွဲတွင် ယနေ့ထိ စစ်တပ်က ဗုံးကြဲတိုက်ခိုက်
- Pajau Media

- Aug 14, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊ ဩဂုတ်၊ ၂၀၂၅။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်တပ်နှင့် KIAတို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ယနေ့ နံနက်ပိုင်းတင် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့ကြောင်း သိရသည်။
"ဒီမနက်အစောပိုင်း ၆နာရီဝန်းကျင်မှာတကြိမ်၊ ၇နာရီဝန်းကျင်မှာတကြိမ် လေယာဉ်နဲ့လာပြီးဗုံးကြဲတိုက်ခိုက်ခဲ့တယ် ပြီးတာနဲ့အသေခံဒရုန်းတွေနဲ့ဆက်တိုက်ပစ်ခဲ့တယ်” ဟု စစ်ရေးသတင်းရင်းမြစ်မှ သိရသည်။
ယမန်နေ့ ဩဂုတ် ၁၃ရက် နံနက် ၆နာရီခွဲချိန်တွင်လည်း စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် လေယာဥ်ဗုံး ၃ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး၊ ဒရုန်းဗုံးဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် ဩဂုတ်လဆန်းမှစ၍ ဗန်းမော်မြို့ရှိ ၎င်းတို့ ဆုံးရှုံးထားရသည့် တပ်စခန်းနေရာများကို ပြန်လည်ရရှိရန်အတွက် လေကြောင်း၊ ဒရုန်းများအသုံးပြုကာ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေမှုနှင့်အတူ မြေပြင်တိုက်ခိုက်မှုလည်း ပြုလုပ်လာနေကြောင်း သိရသည်။
ထို့သို့စစ်ကောင်စီတပ်များသည် ရေကြောင်းဖြင့် စစ်လက်နက် ခဲယမ်းများသယ်ယူပို့ဆောင်နေပြီး မြေပြင် ထိုးစစ်ဆင်မှုနှင့်အတူ လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။
သတင်း-ဖရိန်း










Comments