top of page

ဗန်းမော်နှင့်မံစီဒေသတွင် ဇန်နဝါရီ(၁)လတာအတွင်း KIA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ(၁၂)ကြိမ်ခန့်ဖြစ်ပွားခဲ့

  • Writer: Pajau Media
    Pajau Media
  • Feb 21, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။




ကချင်ပြည်နယ်တွင် ၂၀၂၅ခုနှစ် ဇန္နဝါရီလ (၁)လတာအတွင်း ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း (၁၂)ကြိမ်အထိရှိခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၈ခုအထိ ဖြစ်ပွားခဲ့သည်ဟု BNI-Myanmar Peace Monitorက ဖော်ပြထားသည်။


တိုက်ပွဲဖြစ်ပွားမှုပေါင်း (၁၂)ကြိမ်မှာ ဗန်းမော်ဒေသနှင့် မံစီဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စစ်ပွဲကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိသူ(၂၄)ဦးအထိ ရှိခဲ့သည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ အတိုင်းအတာဖြင့် တိုက်ပွဲဖြစ်ပွားမှုမှာ (၁၁၅)ကြိမ် ရှိခဲ့ပြီး၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၆၈)ခု၊ ပြည်တွင်းနေရပ်စွန့်ခွာသူ အရေအတွက်မှာ (၅၁၀၀၀)၊ အရပ်သားသေဆုံးမှု(၂၁၀)ဦးနှင့် အရပ်သားဒဏ်ရာရရှိမှုမှာ (၂၈၅)ဦးအထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။


ဆက်လက်ပြီး ဗန်းမော်ဒေသတွင် နှစ်ဖက်တပ်ဖွဲ့များ၏ထိတွေ့တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ပြီး၊ KIAမှလည်း စကခ(၂၁)တပ်စခန်းဘက်သို့ ဦးတည်ထိုးစစ်ဆင်နေခဲ့ပြီး စစ်ကောင်စီတပ်စခန်း အများစုကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။


ဆက်လက်ပြင်းထန်နေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်၊ ဒရုန်းများဖြင့် အဆက်မပြတ် ပစ်ခတ်ခုခံတိုက်ခိုက်နေဆဲဖြစ်သလို KIA ပူးပေါင်းတပ်ဖွဲ့များမှလည်း ဆက်လက်ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page