top of page

ဗန်းမော်မြို့တွင် MEC Card အရောင်းဆိုင်များကို စစ်တပ်များက လိုက်လံဖမ်းဆီး

  • Writer: Pajau Media
    Pajau Media
  • Aug 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀၊ ၈၊ ၂၀၂၄။



ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် MEC Card မိုဘိုင်းဖုန်းအရောင်းဆိုင်များကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေကြောင်း သတင်းများရရှိပါသည်။


ဇူလိုင်လ ၂၁ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ် တစ်ခုလုံးတွင် ဖုန်း၊ အင်တာနက်၊ Wi-Fi လိုင်းများပြတ်တောက်ပြီး MEC ဖုန်းလိုင်းတစ်ခုသာရရှိသောကြောင့် ဗန်းမော်မြို့ခံများက MEC Cardများဝယ်ယူပြီး ဖုန်းအဆက်အသွယ်ရနေခြင်းဖြစ်ပါတယ်။ သို့သော်လည်း စစ်ကောင်စီတပ်များက MEC Cardကို ရောင်းပေးနေသော ဖုန်းဆိုင်များကို လိုက်လံဖမ်းဆီးကာ ဒဏ်ကြေးငွေများပါ ပေးဆောင်ခိုင်းကြောင်း ဩဂုတ်လ ၈ရက်နေ့က သတင်းရရှိပါသည်။


ဖုန်းနှင် အင်တာနက်အခက်အခဲများကြောင့် ဖြစ်စဉ်အကြောင်းအရာနှင့် ဒဏ်ကြေးငွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သောကြောင့် အသေးစိတ်တော့မသိရသေးပေ။


ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ပူတာအိုနှင့် အခြားမြို့နယ်များတွင် ATOM, Oredoo, MPT, CDMA, Mytel စသည့်လိုင်းများ ၂ပတ်ကျော် ပြတ်တောက်ခဲ့ပြီးနောက် ဩဂုတ်လ ၄ရက်နေ့တွင် MPT ဖုန်းလိုင်းကို ပြန်လည်အသုံးပြုနိုင်ပြီး ဩဂုတ်လ ၆ရက်နေ့တွင်တော့ ATOM ဖုန်းလိုင်းကို ပြန်လည်ရရှိခဲ့ပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page